Monday, July 31, 2017

စပိန်နိုင်ငံဘာစီလိုနာတွင် ဂီတပွဲတော်စင်မြင့်ပေါ် မီးလောင်ကျွမ်းမှုကြောင့် လူများစွာကို ဘေးလွတ်ရာသို့ကယ်ထုတ်

Image may contain: fire

မက်ဒရစ် ဇူလိုင် ၃ဝ
ဘာစီလိုနာရှိ အီလက်ထရွန်နစ်ဂီတပွဲတော်တစ်ခုတွင် စနေနေ့ညပိုင်းက မီးရှူးမီးပန်းများပစ်ဖောက်ခြင်းအပါအဝင် ဖျော်ဖြေ တင်ဆက်မှုများပြုလုပ်နေစဉ် အကြီးစားမီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ရာ လူပေါင်း ၂၂ဝဝဝကျော်ကို ရှိုးပွဲအတွင်းမှကယ်ထုတ် ခဲ့ရကြောင်း သိရသည်။
အချိန်မီကယ်ဆယ်နိုင်ခဲ့သည့်အတွက် တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိပေ။ လူမှုကွန်ရက်စာမျက်နှာပေါ် တွင် ဖော်ပြခဲ့သည့် သတင်းဓာတ်ပုံများအရ ကြီးမားသည့်မီးတောက်ကြီးတစ်ခု စင်မြင့်ပေါ်မှခုန်ထွက်လာပုံ၊ မည်းနက်နေသော မီးခိုးလုံးကြီးများ ပွဲကြည့်ပရိသတ်တို့က တွေ့မြင်ခဲ့ရသည်။
တူမောရိုးလန်းဒ်ဟု အမည်ရှိသည့်အဆိုပါပွဲတော်ကို စပိန်နိုင်ငံ စန်တာကိုလိုမာဒီဂရာမီနက်ရှိ ဘာစီလိုနာမြောက်ပိုင်းတွင် ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး စပိန်၌ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ ပွဲတော်ကို ယခင်ကဘယ်လ်ဂျီယံနိုင်ငံတွင် ကျင်းပခဲ့ဖူးကြောင်း ဖော်ပြထားသည်။
(ရိုက်တာ)

No comments:

Post a Comment