Tuesday, July 4, 2017

ဆောက်သမ်တန်တိုက်စစ်မှူး ဂျေးရိုဒရီဂွက်ဇ်အား ဝက်စ်ဘရွန်းခေါ်ယူ

Image may contain: 1 person, outdoor
ဝက်စ်ဘရွန်းအသင်းသည် ဆောက်သမ်တန်အသင်းမှ တိုက်စစ်မှူး ဂျေးရိုဒရီဂွက်ဇ်အား ပေါင် ၁၂ သန်းဖြင့် စာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်သည်။ အသက်(၂၇)နှစ်အရွယ်ရှိ တိုက်စစ်မှူး ဂျေးရိုဒရီဂွက်ဇ်သည် ဆောက်သမ်တန်အသင်းတွင် ငါးနှစ်တာကစားခဲ့ရာ တွင် ဒဏ်ရာပြဿနာများသာ ကြုံခဲ့ရခြင်းကြောင့် ပွဲပေါင်း ၁၂၆ ပွဲတွင် ၃၂ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
ဂျေးရိုဒရီဂွက်ဇ်၏ နည်မည်ကြီးသည့် ဘောလုံး ရာသီမှာ ၂ဝ၁၃-၂ဝ၁၄ ဘောလုံးရာသီဖြစ်ပြီး တစ်ရာသီအတွင်း သွင်းဂိုး ၁၅ ဂိုး သွင်းယူနိုင်ခဲ့ကာ အင်္ဂလန်အသင်းတွင်လည်း ပါဝင်ကစားခွင့်ရရှိခဲ့ သည်။ ပြင်းထန်သည့် ဒူးဒဏ်ရာပြဿနာကြုံခဲ့ရခြင်း ကြောင့် ၂ဝ၁၄-၂ဝ၁၅ ဘောလုံးရာသီတစ်ရာသီလုံး ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိခဲ့ပေ။
တိုက်စစ်မှူး ဂျေးရိုဒရီဂွက်ဇ်သည် ပြီးခဲ့သည့် ဘောလုံးရာသီကမူ ပွဲပေါင်း ၃၄ ပွဲ ပါဝင်ကစားပေးခဲ့ ရာတွင် ခြောက်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ဘန်လေ တိုက်စစ်မှူး ဂျေးရိုဒရီဂွက်ဇ်သည် ၂ဝ၁၂ ခုနှစ် အတွင်းက ပြောင်းရွှေ့ကြေးပေါင် ခုနစ်သန်းဖြင့် ဆောက်သမ်တန်အသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး ၂ဝ၁၃ ခုနှစ်အတွင်းက ချီလီအသင်းနှင့်ပွဲစဉ်တွင် အင်္ဂလန်အသင်းနှင့်အတူ ပါဝင်ပွဲထွက်ကစားခဲ့သည်။
ငွေကြယ်

No comments:

Post a Comment