Tuesday, July 4, 2017

ကော်တင်ဟိုအား ခေါ်ယူရန် ပီအက်စ်ဂျီ ပစ်မှတ်ထားနေပြီး လီဗာပူးက ပေါင် ၇၈ သန်း ဈေးသတ်မှတ်

Image may contain: 1 person, playing a sport and outdoor
ပြင်သစ်ပထမတန်းပြိုင်ပွဲ၏ ငွေကြေးပုံ အောကာ သုံးစွဲနိုင်စွမ်းရှိသည့် ပီအက်စ်ဂျီ အသင်းသည် လီဗာပူးအသင်းမှ ဘရာဇီး ကွင်းလယ်ကစားသမား ဖိလစ်ပီ ကော်တင်ဟိုအား ခေါ်ယူရန်ပစ်မှတ်ထား နေပြီး လီဗာပူးအသင်းကမူ ပီအက်စ်ဂျီ အသင်းအနေဖြင့် ကော်တင်ဟိုအား ခေါ်ယူလိုပါက ပေါင် ၈၇ သန်း(ယူရိုသန်း ၁ဝဝ)သတ်မှတ်ထားကြောင်း သိရသည်။
ပီအက်စ်ဂျီ အသင်းအနေဖြင့် ကွင်းလယ်ကစားသမား ကော်တင်ဟိုအား ပစ်မှတ်ထားနေသည့်အပြင် ဘာစီလိုနာ အသင်းကလည်း အဆိုပါကစားသမားကို ခေါ်ယူရန် ကာလကြာရှည်ကတည်းက စိတ်ဝင်စားနေကြောင်း သိရသည်။ ဘရာဇီး ကြယ်ပွင့် ကော်တင်ဟိုသည် ပြီးခဲ့သည့် ဘောလုံးရာသီက ပရီမီယာလိဂ်သွင်းဂိုး ၁၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဘရာဇီး အသင်းတွင်လည်း အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ဖူးသည့် ကစားသမား တစ်ဦးလည်း ဖြစ်သည်။ ကွင်းလယ်ကစား သမား ကော်တင်ဟိုသည် လီဗာပူးအသင်း နှင့် ကာလရှည်စာချုပ်တစ်ရပ် ချုပ်ဆို ထားခဲ့သော်လည်း လီဗာပူးအသင်းမှ ထွက်ခွာကာ အခြားကလပ်အသင်းများသို့ ပြောင်းရွှေ့ကစားရန် ရာခိုင်နှုန်းများနေပြီ ဖြစ်ကြောင်းလည်း သိရသည်။
ငွေကြယ်

No comments:

Post a Comment