Saturday, July 1, 2017

ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးမစတင်မီ ဥရောပခေါင်းဆောင်များ ဘာလင်၌တွေ့ဆုံ





ဘာလင် ဇွန် ၃ဝ



ဇူလိုင် ၇ ရက်မှ ၈ ရက်အထိ ဟမ်ဘာ့ဂ်၌ ကျင်းပမည့် ဂျီ ၂ဝ ထိပ်သီးအစည်းအဝေး မကျင်းပမီတွင် ဥရောပခေါင်းဆောင်များ သည် စုပေါင်းရှေ့တန်းစစ်မျက်နှာတစ်ခုဖြစ်ထွန်းရန်အတွက် ကြာသပတေးနေ့ တွင် ဘာလင်၌ တွေ့ဆုံခဲ့ကြကြောင်း သိရ သည်။
ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကယ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပ သည့် အဆိုပါ အစည်းအဝေးတွင် ပြင်သစ်၊ ဗြိတိန်၊ အီတလီ၊ စပိန်၊ ဟော်လန်၊ နော်ဝေခေါင်းဆောင်များ နှင့် ဥရောပသမဂ္ဂတို့သည် ထိပ်သီး အစည်းအဝေးပွဲအပြီးတွင် ရာသီဥတု ပြောင်းလဲမှုနှင့် လွတ်လပ်စွာကုန်သွယ် ခွင့်အတွက် အတူတကွပူးပေါင်းဆောင် ရွက်သွားကြမည်ဖြစ်ကြောင်း သတင်း စာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဥရောပနိုင်ငံများသည် စိတ်ဓာတ် ကြံ့ခိုင်ခြင်းဟူသောမက်ဆေ့ကို ဂျီ၂ဝ ထိပ်သီးအစည်းအဝေးသို့ ပေးပို့သွားရန် ဆန္ဒရှိနေကြောင်း မာကယ်က ပြောကြား ခဲ့သည်။
ပြီးခဲ့သည့် ကြာသပတေးနေ့ အစောပိုင်းက ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်သည် လွတ်လပ်စွာ ကုန်သွယ်ခွင့်ရရှိရေး၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုရှိရေးနှင့် ပါရီရာသီဥတု ပြောင်းလဲမှု သဘောတူစာချုပ် ကိစ္စရပ်များအတွက် နိုင်ငံတကာဖိုရမ်၌ အပြင်းအထန်ကြိုးစားသွားမည်ဖြစ် ကြောင်း ဂျာမန်လွှတ်တော်သို့ ပြော ကြား ခဲ့သည်။
ဂျီ ၂ဝ ထိပ်သီးအစည်းအဝေး၌ ရာသီဥတုပြောင်းလဲမှု သဘောတူ စာချုပ်နှင့် ပတ်သက်၍ဆွေးနွေးရန်မှာထင်ထားသလောက်လွယ်ကူလိမ့်မည် ဟုမျှော်မှန်း၍မရနိုင်ကြောင်း မာကယ်က ဆိုသည်။ ပါရီသဘောတူစာချုပ်မှ အမေရိကန်နုတ်ထွက်မှုကိုလည်း ၄င်းက ထောက်ပြခဲ့သည်။
ထရန့်၏ အမေရိကန်ကိုရှေ့တန်း တင်သည့်မူဝါဒသည် လွတ်လပ်စွာ ကုန် သွယ်မှုအတွက် ဥရောပနိုင်ငံများ၏ အကူ အညီပေးအပ်ရေးနှင့် ပဋိပက္ခများရှိလာ ခဲ့သည်။ ထို့ပြင် ဥရောပနိုင်ငံများနှင့် အမေရိကန်၏ ခြားနားမှုသည် သိသာ ထင်ရှားလျက်ရှိကြောင်း မာကယ်က ပြောကြားခဲ့သည်။
ထို့ပြင် မာကယ်က အမေရိကန်နှင့် အတူ ဘုံဖြေရှင်းမှုတစ်ရပ် ရရှိအောင် ကြိုးစားရလိမ့်မည်ဟု ပြောကြားခဲ့ ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
(ဆင်ဟွာ)

No comments:

Post a Comment