Saturday, July 1, 2017

အိန္ဒိယဝန်ကြီးချုပ်မိုဒီ အစ္စရေးနှင့်ဂျာမနီသို့သွားရောက်မည်




နယူးဒေလီ ဇွန် ၃ဝ

 

အိန္ဒိယဝန်ကြီးချုပ် နာရြိာမိုဒီသည် လာမည့်ရက်သတ္တပတ်တွင် အစ္စရေးနှင့် ဂျာမနီနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
မိုဒီအနေဖြင့် အစ္စရေးနိုင်ငံသို့ ပထမဆုံးသွားရောက်မည်ဖြစ်ပြီး ထို့နောက် ဂျာမနီ နိုင်ငံဟမ်းဘက်မြို့တွင် ဇူလိုင် ၇ ရက်မှ ၈ ရက်အထိနေထိုင်ကာ ၁၂ ကြိမ်မြောက် ဂျီ-၂ဝ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးချုပ် မိုဒီသည် အိန္ဒိယ-အစ္စရေးသံတမန် ဆက်ဆံရေးထူထောင်မှု ၂၅ နှစ်ပြည့်အခါသမယဖြစ်သည့် ဇူလိုင် ၄ ရက်မှ ၆ ရက်အတွင်း အစ္စရေးနိုင်ငံတွင် နေထိုင်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ၊ အနောက်နှင့်အာဖရိက မြောက်ပိုင်းဆိုင်ရာတွဲဖက် အတွင်းဝန် ဘီဘလာဘက်စ်ကာက ပြောခဲ့သည်။
အစ္စရေးနိုင်ငံတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုနှင့် တွေ့ဆုံမည်ဖြစ်ပြီး နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာကိစ္စများကို အသေးစိတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အစ္စရေးသမ္မတ ရူဗင်ရစ်ဗ်လင်နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
(ဆင်ဟွာ)

No comments:

Post a Comment