Saturday, July 1, 2017

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် တောင်အာဖရိကနိုင်ငံနှင့် မက္ကဆီကိုနိုင်ငံတို့မှ သံအမတ်ကြီးများအား သီးခြားစီလက်ခံတွေ့ဆုံ

Image may contain: 2 people, people sitting, table and indoor
နေပြည်တော် ဇွန် ၃ဝ
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ တောင်အာဖရိကနိုင်ငံသံအမတ်ကြီး မစ္စတာ ဂျက်ဖရီ ကွင်းတန် မစ်ချယ် ဒွက်ခ်ျအား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင်လည်းကောင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ မက္ကဆီကိုနိုင်ငံသံအမတ်ကြီး မစ္စတာ နသန် ဝုဖ် လက်စ်ဘေဒါအား မွန်းလွဲ၂ နာရီခွဲတွင်လည်းကောင်း နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။
တောင်အာဖရိကနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် လွှတ်တော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ဥပဒေပြုရေး လုပ်ငန်းစဉ်များနှင့် နှစ်နိုင်ငံအစိုးရတို့အကြား ချုပ်ဆို မည့် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးမှု ထူထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
မက္ကဆီကိုနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတကာ ပါလီမန်အဖွဲ့ တွင် တက်ကြွစွာပါဝင်လှုပ်ရှားဆောင်ရွက်ရေးကိစ္စရပ် များ၊ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment