Monday, July 31, 2017

ထွန်ယက်ခြင်း၊ ရိတ်သိမ်းခြင်းနှင့် ကောက်စိုက်ခြင်းများကိုစက်များဖြင့် သရုပ်ပြ

Image may contain: 1 person, outdoor, nature and water
မုံရွာ ဇူလိုင် ၃ဝ
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန ၏ ကြီးကြပ်မှုဖြင့် မိုးစပါးစိုက်ရာသီတွင် စက်မှုလယ်ယာဦးစီးဌာနပိုင် ထွန်စက်ကြီးများ၊ ရိတ်သိမ်းခြွေလှေ့စက်ကြီးများ၊ ကောက်စိုက်စက်ကြီးများဖြင့် ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းခြင်းများကို လိုက်လံသရုပ်ပြပေးလျက်ရှိကြောင်း သိရသည်။
လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်ရန်၊ စက်စွမ်း အားကို သိရှိနိုင်စေရန်နှင့် လုပ်သားအင်အားကို လျှော့ချနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ကြီးမှူးပြီး မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှ ထွန်စက်ကြီးများ၊ ရိတ်သိမ်းခြွေလှေ့စက်ကြီးများနှင့် ကောက်စိုက်စက်များဖြင့် ထွန်ယက်၊ ရိတ်သိမ်း၊ စိုက်ပျိုးခြင်းကို လိုက်လံသရုပ် ပြသပေးခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ထွန်ယက်၊ စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြွေလှေ့ခြင်း ဆိုင်ရာများ သရုပ်ပြသမည့် အစီအစဉ်အဖြစ် ရိတ်သိမ်းခြွေလှေ့ခြင်းအတွက် ၁၈ ကြိမ်လျာထားရာတွင် စစ်ကိုင်းခရိုင်အတွင်း တစ်ကြိမ်၊ ရွှေဘိုခရိုင်အတွင်း တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ထွန်ယက်ရေးလုပ်ငန်း များအဖြစ် ၃၂ ကြိမ် လုပ်ဆောင်ပေးမည်ဖြစ်ရာ ယင်းမာပင် ခရိုင်အတွင်း နှစ်ကြိမ်၊ တမူးခရိုင်အတွင်း လေးကြိမ် စုစုပေါင်း ခြောက်ကြိမ်ပြသပေးပြီးဖြစ် ကြောင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသရုပ်ပြသရန်အတွက် ၁ဝ ကြိမ် လျာထားရာ စစ်ကိုင်းခရိုင်အတွင်း တစ်ကြိမ်၊ ရွှေဘိုခရိုင်အတွင်း တစ်ကြိမ်၊ ယင်းမာပင်ခရိုင်အတွင်း နှစ်ကြိမ် စုစုပေါင်း လေးကြိမ် ပြသပေးပြီးဖြစ် ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment