Sunday, July 2, 2017

တာပွန်အထက်တန်းကျောင်းအား အချိန်မီပြုပြင်ပေးရန် လိုအပ်နေ

Image may contain: indoor
နတ်တလင်း ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် တာပွန်မြို့ အခြေခံပညာ အထက်တန်းကျောင်းများ ကြံ့ခိုင်မှုအားနည်းသဖြင့် ယခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မဖြေဆိုမီ အချိန်မီပြုပြင်ရန် လိုအပ်နေပြီဖြစ် သည်။
တာပွန်အထက်တန်းကျောင်း၌ ကျောင်းသားဦးရေ ၁၂၃၁ ဦးရှိပြီး ၂ဝ၁၇-၂ဝ၁၈ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနရှိသည့်အတွက် စာဖြေခန်း ၁၄ ခန်းထားရခြင်းဖြစ်ရာ ယခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုချိန်မတိုင်မီ အမြန်ဆုံးပြုပြင်ရန် လိုအပ်နေခြင်းဖြစ်သည်။
နန်းလုံးကြိုင်ဆောင်ရှိ ပဉ္စမတန်း သုံးခန်းနှင့်ဆဋ္ဌမတန်းနှစ်ခန်းတို့မှာ အချိန်အခါမရွေး အန္တရာယ်ကျရောက်နိုင်သည့်အတွက် ပိတ်ထားရပြီးဖြစ်သည်။ နန်းလုံးကြိုင်ဆောင်ကို ၁၉၇၅ခုနှစ် ကတည်းက တည်ဆောက်ထားခြင်းဖြစ်ပြီး နှစ် ၄ဝ ကျော်ကြာမြင့်နေပြီဖြစ်သည်။ နန်းလုံးကြိုင်ဆောင်၊နှင်းဆီဆောင်၊ စကားဝါဆောင်တို့ကိုဖျက်သိမ်းပြီး ပေ ၂ဝဝx၃ဝ နှစ်ထပ်ဆောင်ရရှိရေး တင်ပြထားပြီးဖြစ်သည်။ အခြားစံပယ်ဆောင်ရှိ အခန်းပြတင်းပေါက်များမှာလည်း ပျက်စီးနေပြီး လုံခြုံမှုမရှိတော့သဖြင့် အကြီးစား ပြုပြင်ပေးရန် လိုအပ်နေသည်။ နန်းလုံးကြိုင်ဆောင်ရှိ စာသင်ခန်းများကို ပိတ်ထားရသဖြင့် ရွှေရတုခန်းမကို စာသင်ခန်းအဖြစ် ပြောင်းလဲအသုံးပြုခဲ့ရပြီး စံပယ်ဆောင်ကိုသာ ပြန်လည် တည်ဆောက်ခွင့်ရမည်ဆိုပါက ရွှေသာလျောင်း ဘုရားကြီးဝင်းအတွင်း ရွှေ့ပြောင်းရန် ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ကြိုတင်စီမံထားပြီးဖြစ်သည်။ တာပွန်ကျောင်းကို အထက်တန်းကျောင်းအဖြစ် ၁၉၅၄ခုနှစ် ဇူလိုင် ၁ ရက် တွင် တိုးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(ဝ၇၁)

No comments:

Post a Comment