Monday, July 3, 2017

မက်ဆီရဲ့မင်္ဂလာပွဲကို တက်ရောက်အားပေးခဲ့တဲ့ရှာကီရာနဲ့ ဂါရတ်ဒ်ပီကေး

Image may contain: 8 people, people smiling, people standing, wedding and indoor
နာမည်ကျော်တေးသံရှင်တစ်ဦးဖြစ်တဲ့ ရှာကီရာဟာ ခင်ပွန်းဖြစ်သူနဲ့အတူ လက်တလောမှာ ကျင်းပခဲ့တဲ့ ဘောလုံးကြယ်ပွင့် လီယွန်နယ်မက်ဆီရဲ့ မင်္ဂလာ ပွဲကို တက်ရောက်အားပေးခဲ့ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ဖော်ပြချက် တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၃ဝ ရက်က အာဂျင်တီးနားမှာ ပြုလုပ်ခဲ့တဲ့ မက်ဆီရဲ့ မင်္ဂလာ ပွဲကို မက်ဆီရဲ့ တစ်ချိန်က အသင်းဖော်ဖြစ်ခဲ့တဲ့ နာမည်ကျော်ဘောလုံးကြယ်ပွင့် ဂါရတ်ဒ်ပီကေးနဲ့အတူတွဲဖက်ကာ မောင်နှံစုံတက်ရောက်ချီးမြှင့်ခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။
ယင်းမင်္ဂလာပွဲကို နာမည်ကျော်များစွာလာရောက်ခဲ့ကြရာ ယင်းတို့ အနက်မှ အသက် (၄ဝ)အရွယ်ရှိပြီဖြစ်တဲ့ ရှာကီရာနဲ့ ခင်ပွန်းဖြစ်သူတို့စုံတွဲဟာ တက်ရောက်လာသူပရိသတ်တွေရဲ့အာရုံကို အထူးစွဲဆောင်ထားနိုင်ခဲ့တာ တွေ့ရပါတယ်။ ရှာကီရာက မင်္ဂလာပွဲကို အနက်ရောင်ဂါဝန်ရှည်ဝတ်ဆင်ကာ တက်ရောက်ခဲ့တာဖြစ်ပြီး ပြီးပြည့်စုံတဲ့အလှကို ပိုင်ဆိုင်ထားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
အေးပြည့်

No comments:

Post a Comment