Monday, July 3, 2017

ဒုတိယအကြိမ်ရေတံခွန်တောင်တက်စက်ဘီးစီးပြိုင်ပွဲနှင့် တောင်အဆင်းလမ်းကြမ်းပြိုင်ပွဲကျင်းပမည်

Image may contain: one or more people and outdoor
မန္တလေး ဇူလိုင် ၂
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်တို့ ညွန်ကြားမှုဖြင့် MFR (Mandalay Free Rider) စက်ဘီးစီးအဖွဲ့မှ ဦးစီး ကျင်းပသော ဒုတိယအကြိမ် ရေတံ ခွန်တောင်တက် (Mountain Bike)စက်ဘီးစီးပြိုင်ပွဲနှင့် တောင်အဆင်း လမ်းကြမ်း (Downhill) ပြိုင်ပွဲကို ဇူလိုင် ၉ ရက် နံနက် ၆ နာရီတွင် ကျင်းပမည် ဖြစ်ကြောင်းသိရသည်။
ပြိုင်ပွဲကို အသက် (၂၅) နှစ် အောက်၊ အသက်(၂၅နှစ်မှ၃၅နှစ်)၊ အသက်(၃၅နှစ်မှ၄၅နှစ်)၊ အသက် (၄၅နှစ်မှ၆ဝနှစ်) နှင့် အသက် (၆ဝ) အထက်အတန်းများသတ်မှတ်ထားပြီး ပထမဆုကျပ်နှစ်သိန်း၊ ဒုတိယဆု ကျပ်တစ်သိန်းခွဲ၊ တတိယဆုကျပ် တစ်သိန်း၊ စတုတ္ထဆုကျပ်ခုနစ် သောင်း၊ ပဉ္စမဆုကျပ် ငါးသောင်းနှင့် အဆင့် ၆ မှ ၁ဝ ပန်းဝင်သူများအား ကျပ်တစ်သောင်းစီဆုများချီးမြှင့်မည်။
တောင်အဆင်းလမ်းကြမ်းပြိုင်ပွဲ ၌ Elite တန်းတွင် ပထမကျပ် နှစ်သိန်း၊ ဒုတိယကျပ် တစ်သိန်းခွဲ၊ တတိယကျပ်တစ်သိန်း၊ Master တန်း တွင် ပထမကျပ်တစ်သိန်းခွဲ၊ ဒုတိယ ကျပ် တစ်သိန်း၊ တတိယကျပ် ခုနစ် သောင်း၊Beginner တန်းတွင် ပထမ ကျပ်တစ်သိန်း၊ ဒုတိယ ကျပ် ခုနစ် သောင်း၊ တတိယကျပ် ငါးသောင်း ချီးမြှင့်မည်ဖြစ်သည်။
ပြိုင်ပွဲဝင်စက်ဘီးသမားများအား ချမ်းအေးသာစံမြို့နယ် ၇၈ လမ်း ဒိုင်း မွန်းပလာဇာရှေ့မှ တာလွှတ်မည်ဖြစ် ပြီး ၂၆ လမ်း၊ လမ်း ၈ဝ၊ ၁၂ လမ်း၊ ၆၆ လမ်း နန်းရှေ့အထိ၊ ၎င်းမှ ၁၉ လမ်းအတိုင်း ရန်ကင်းတောင်ခြေ တောင်ဘက်ပတ်လမ်း MITကျောင်း ဖြတ်မြေလမ်းမှ ရေတံခွန်တောင်တက် ထူးမဘုန်းကြီးကျောင်းသို့ ပန်းဝင်ရ မည်ဖြစ်သည်။
တောင်အဆင်းလမ်းကြမ်းပြိုင်ပွဲကို လည်း ရေတံခွန်တောင်ဘေးနေကာတောင်တွင်ကျင်းပမည်ဖြစ်ပြီး ထိုင်းနိုင်ငံမှစက်ဘီးသမားများလည်းဖိတ် ကြားထားသည်။
ပြိုင်ပွဲကို မြန်မာနိုင်ငံ စက်ဘီး အဖွဲ့ချုပ်မှ ဒိုင်များဖြင့် စီစဉ်ထားပြီး မန္တလေးဓာတ်ပုံအသင်းက ကြီးမှူး၍ လျှပ်တပြက် ဓာတ်ပုံပြိုင်ပွဲလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရ သည်။
သီဟကိုကို(မန္တလေး)

No comments:

Post a Comment