Monday, July 3, 2017

ထိုင်းနိုင်ငံမှ မြန်မာအလုပ်သမားများ ပြန်လာနေဆဲဖြစ်ပြီး သုံးရက်အတွင်း ၁၂ဝဝဝ ကျော်ရှိပြီဖြစ်

Image may contain: 11 people, people smiling, crowd and outdoor
မြဝတီ ဇူလိုင် ၂
ထိုင်းအစိုးရ၏ အလုပ်သမားဆိုင်ရာဥပဒေသစ် ကြောင့် ထိုင်းနိုင်ငံအတွင်း အလုပ်သွားရောက် လုပ်ကိုင်နေကြသည့် အထောက်အထား မပြည့်မစုံသည့် မြန်မာအလုပ်သမားများနှင့် အထောက်အထား လုံးဝမရှိသည့် မြန်မာ အလုပ်သမားများအား ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးလျက်ရှိသည့်အတွက် ဇွန် ၂၉ ရက် နံနက်ပိုင်းမှစပြီး မြန်မာအလုပ်သမားများ မြဝတီမြို့ (၉၉၉)ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ လူဦးရေထောင်နှင့်ချီပြီး ပြန်လာလျက်ရှိ ကြောင်း သိရသည်။
အဆိုပါ ဥပဒေကျင့်သုံးခြင်းကို ရက်ပေါင်း ၁၂ဝ ရပ်ဆိုင်းလိုက်သော်လည်း မြန်မာအလုပ် သမားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် နေဆဲဖြစ်ပြီး ဇွန် ၂၉ ရက်မှ ဇူလိုင် ၁ ရက် အထိ ပြန်လာသူဦးရေမှာ အမျိုးသား ၇ဝဝဝ၊ အမျိုးသမီး ၅၃၇၇ ဦး စုစုပေါင်း ၁၂၃၇၇ ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ မြန်မာအလုပ်သမားများ ပြန်လည်ဝင်ရောက် လာရာ ဇွန် ၂၉ နှင့် ၃ဝ ရက်တို့တွင် မြဝတီမြို့ (၉၉၉) ဂိတ်မှသာ ဝင်ရောက်ခဲ့သော်လည်း ဇူလိုင် ၁ ရက်တွင် နှစ်နိုင်ငံ တာဝန်ရှိသူ များအလွှဲအပြောင်းဖြင့် ချစ်ကြည်ရေးတံတားမှ အမျိုးသား ၁၇၉ ဦး၊ အမျိုးသမီး ၄၉ ဦး စုစုပေါင်း ၂၂၈ ဦးကို မြန်မာဘက်မှ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးအောင်ဌေးဝင်းနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်းနှင့် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထူး လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်နိုင်ထွန်း၊ မြဝတီရှေ့တန်းမှူး ဗိုလ်မှူး အောင်ကိုဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် တာဝန် ရှိသူများက လက်ခံကြိုဆိုခဲ့ကြပြီး လိုအပ်သည် များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့နေအိမ်ပြန်ရန် အခက်အခဲရှိသူများ အား ဆောင်ရွက်ပေးလျက်ရှိရာတွင် မြန်မာ နိုင်ငံ Rescue လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် (မြဝတီ)မှ တာဝန်ရှိသူများက ပူးပေါင်းပြီး မော်တော်ယာဉ်များဖြင့် နေအိမ်အရောက် ပြန်လည် ပို့ဆောင်ပေးလျက်ရှိကြောင်း အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာ များပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် တည်းခိုလိုသူများအား နေထိုင် စားသောက်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)

No comments:

Post a Comment