Sunday, July 30, 2017

ရန်ကုန်-မန္တလေး လမ်းဟောင်း၌ ခရီးသည်တင်ယာဉ်တိမ်းမှောက်၍ တစ်ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရ

Image may contain: one or more people, outdoor and nature
ဝမ်းတွင်း ဇူလိုင် ၂၉
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့ နယ် ရွှေတောင်နယ်မြေရဲစခန်းအပိုင် တွင် ခရီးသည်တင်Exprees ယာဉ်တစ်စီး အရှိန်လွန်ကာတိမ်းမှောက်ခဲ့ မှုကြောင့် လူသေဆုံးကာထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၉ ရက်နံနက် ၅ နာရီခန့်က ရန်ကုန်-မန္တလေးကားလမ်း ဟောင်း မိုင်တိုင်အမှတ် (၃၆၆/ဝ) နှင့် (၃၆၆/၁)အကြားတွင် ရန်ကုန်မှ မန္တလေးသို့ယာဉ်မောင်း ဝင်းထွန်း(စုံစမ်းဆဲ) မောင်းနှင်လာသောယာဉ် အမှတ်YGN9E/---- အာကသခရီးသည်တင် Express အပြာရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းသို့ တိမ်းမှောက်သွားခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသောခရီးသည် ၃၁ ဦးအနက်မှ အမျိုးသမီးတစ်ဦးမှာအခင်း ဖြစ်နေရာတွင်သေဆုံးခဲ့ပြီး အမျိုးသား ၁၇ ဦး၊ အမျိုးသမီးကိုးဦးမှာ ထိခိုက် ဒဏ်ရာများရရှိကာ ကျောက်ဆည်အထွေထွေရောဂါကုဆေးရုံသို့ တင်ပို့ ဆေးကုသထားရကြောင်းသိရပြီး သေဆုံးသူမှာ ဒေါ်ဖြူ အသက်(၄ဝ)ခန့်ရှိ အမျိုးသမီးဖြစ်ကြောင်း သိရသည်။
''သေဆုံးသူ အမျိုးသမီးကိုင်ဆောင်ထားတဲ့မှတ်ပုံတင်က မှော်ဘီမှတ်ပုံတင် နံပါတ်ပါ။ ကျောက်ဆည် အင်းတိုင်စံပြကျေးရွာမှာနေတယ်လို့ ကနဦးသိရပါ တယ်။ ကားအောက်မှာ ပိသွားတာပါ။ သံဃာနှစ်ပါးလည်းပါတယ်။ ဒဏ်ရာရတဲ့ လူနာတွေကိုတော့ အခုကျောက်ဆည်ဆေးရုံကို တင်ပို့ထားပါတယ်။ ယာဉ်မောင်းကတော့ ထွက်ပြေးသွားပါတယ်''ဟု အခင်းဖြစ်ရာတွင် ပါဝင်ကူညီ ခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)

No comments:

Post a Comment