Sunday, July 30, 2017

၁၂ ဘီးယာဉ် လမ်းဘေးသစ်ပင်အား ဝင်တိုက်

Image may contain: car, tree and outdoor
ပဲနွယ်ကုန်း ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်းမိုင်တိုင်အမှတ် (၁၂၃/၁ )နှင့် (၁၂၃/၂ )အကြားတွင် ၁၂ ဘီး ယာဉ်တစ်စီး လမ်းဘေးကုက္ကိုပင်အားဝင်တိုက်မိရာမှ ယာဉ်မောင်းဖြစ်သူမှာသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ကျော်မျိုးအောင် နံ့သာ ရပ်ကွက် မဟာအောင်မြေမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 5B/--- TRUCK? NISSAN DIESEL အမျိုးအစား ၁၂ ဘီး အပြာရောင် ယာဉ်သည် ယာဉ်မောင်းဖြစ်သူအိပ်ငိုက်ပြီး လမ်းဘေးရှိ ကုက္ကိုပင်အား ဝင်တိုက်ခဲ့ရာ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းတွင် ဒဏ်ရာများရရှိခဲ့ကာ အခင်းဖြစ်နေရာတွင်ပင်သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက်တွင်လည်း ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ပြီး ပဲနွယ်ကုန်းဆေးရုံသို့ ပိုဆောင်ကာဆေးကုသမှု ခံယူနေရ ကြောင်း သိရသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)

No comments:

Post a Comment