Monday, July 3, 2017

ကောလာဟလတွေကို ပိုမိုဆူညံလာစေခဲ့တဲ့ ကေတီဟုမ်းစ် နဲ့ ဂျေမီဖောက်ဇ်

Image may contain: 1 person, standing, shorts and shoes
ဟောလိဝုဒ်ရဲ့ နာမည်ကျော်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ကေတီဟုမ်းစ်ဟာ မင်းသား တစ်ဦးဖြစ်တဲ့ ဂျေမီဖောက်ဇ်နဲ့ ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေပေါ်ထွက် နေခဲ့တာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးကို အတူ တွဲတွေ့ခဲ့ရတဲ့ သက်သေမရှိသေးတာကတစ်ကြောင်း၊ ကာယကံရှင်တွေက ငြင်းဆိုခဲ့တာကတစ်ကြောင်းကြောင့် လတ်တလောအချိန်အထိ အတိအလင်း ပြောဆိုနိုင်ခြင်းမရှိသေးပါဘူး။ ဒီလိုအခြေအနေမှာပဲ လတ်တလောမှာတော့ ကြယ်ပွင့်နှစ်ဦးဟာ တစ်ချိန်တည်းမှာ နီးစပ်စွာရှိနေခဲ့တာကို တွေ့ခဲ့ရတဲ့အတွက် ကောလာဟလတွေကို ပိုမိုကျယ်လောင်လာစေခဲ့ကြောင်း အီးအွန်လိုင်း ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
မကြာသေးမီက ကေတီဟုမ်းစ်ကို စန်ကျူရီစစ်တီမောလ်ရဲ့ ကားပါကင် အနားမှာ တွေ့ခဲ့ရပြီး တစ်ချိန်တည်းမှာပဲ ဂျေမီဖောက်ဇ်ကိုတော့ ယင်းဈေးဝယ် စင်တာနဲ့ တစ်မိုင်ခန့်အကွာမှာရှိနေတဲ့ စန်ကျူရီပလာဇာဟိုတယ်အရှေ့မှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ကြယ်ပွင့်နှစ်ဦး အချိန်းအချက်ပြုထားတာ ဖြစ်နိုင်ကြောင်း မီဒီယာတွေက စွပ်စွဲခဲ့ကြတာဖြစ်ပါတယ်။
ကေတီဟုမ်းစ်ကတော့ ပေါ့ပေါ့ပါးပါးပုံစံဝတ်ဆင်ထားကာ ဂျေမီဖောက်ဇ် ကတော့ တစ်စုံတစ်ယောက်ကို စောင့်နေပုံရပြီး ဖုန်းနဲ့စကားပြောနေတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် သူနဲ့အတူ အထုပ်အပိုးတွေပါ ပါလာတာကိုလည်း တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်အတွင်း ခင်ပွန်းဖြစ်သူ တွမ်ခရူးစ်နဲ့ ကေတီဟုမ်းက ကွာရှင်းခဲ့တာဖြစ်ပြီး တွမ်ခရူးစ်နဲ့ ဇာတ်လမ်းမပြီးမီကတည်းက ဂျေမီဖောက်ဇ်နဲ့ အသံတွေထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောမှာ အသက် (၃၈)နှစ်ရှိပြီဖြစ်တဲ့ ကေတီဟုမ်းစ်နဲ့ (၄၉)နှစ်အရွယ် ဂျေမီဖောက်ဇ်တို့နှစ်ဦးစလုံးက သူတို့အကြားက ဆက်ဆံရေးနဲ့ပတ်သက်ပြီး လျှို့ဝှက်ခဲ့ကြကာ လတ်တလော အချိန်အထိ တရားဝင်ထုတ်ဖော်ပြောကြားခြင်း မရှိသေးတာဖြစ်တယ်လို့လည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment