Sunday, July 2, 2017

တောင်ကျရေများဝင်ရောက်နေမှုကြောင့် ဒေသခံပြည်သူများနှင့် ကျွဲ၊ နွားတိရစ္ဆာန်များ ဘေးလွတ်ရာသို့ အချိန်မီပြောင်းရွှေ့လျက်ရှိ

Image may contain: sky, house, tree, plant, outdoor and nature
ခန္တီး ဇူလိုင် ၁
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ မိုး အဆက်မပြတ်ရွာသွန်းနေမှုကြောင့် ချင်းတွင်း မြစ်ရေသည် ဇူလိုင် ၁ ရက် ညနေ ၆ နာရီခွဲ အချိန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ တိုင်းထွာချက်အရ ၁၂၂၅ စင်တီမီတာသို့ ရောက်ရှိနေပြီး ခန္တီးမြို့၏စိုးရိမ်ရေအမှတ်မှာ ၁၃၆ဝ စင်တီမီတာဖြစ် ကြောင်း၊ ဤကဲ့သို့ မိုး ဆက်လက်ရွာသွန်းနေပါ က စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း ဒေသခံ ဦးဝမ်ဝမ်က ပြောသည်။
မိုးဆက်လက်ရွာသွန်းနေမှုကြောင့် ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက်မြေနိမ့်ပိုင်းနှင့် မြို့မရပ်ကွက် ဈေးလမ်းတစ်လျှောက်တွင် တောင်ကျရေများ ဝင်ရောက်နေမှုကြောင့် ဒေသခံပြည်သူများနှင့် ကျွဲ၊ နွားတိရစ္ဆာန်များဘေးလွတ်ရာသို့ အချိန်မီ ပြောင်းရွှေ့လျက်ရှိကြောင်း သိရသည်။
ခေါင်ရည်ချို(နာဂမြေ)

No comments:

Post a Comment