Sunday, July 2, 2017

တောင်ညိုတမံကန်ရေပြည့်အမှတ် ကျော်လွန်သော်လည်းစိုးရိမ်ဖွယ်မရှိ

Image may contain: outdoor and water
နတ်တလင်း ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် တောင်ညိုတမံသည် ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် မိုးရွာသွန်းမှုများသောကြောင့် တောင်ညိုတမံရေကန် ပြည့်အမှတ်ကိုကျော်လွန်ပြီး ရေပိုလွှဲမှစတင်ရေကျော် နေပြီးဖြစ်သော်လည်း စိုးရိမ်ဖွယ်ရာ မရှိဟု ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှူး ဦးစဝ်ခွန်ထွန်ဦး၏ ပြောကြားချက်အရ သိရသည်။ ယခင်နှစ်ဇွန်လ၌ မိုးရွာသွန်းသည့်မိုးရေချိန်၁၂လက်မထက် အနည်းငယ်ပိုသော်လည်းစီးဝင် ရေမှာနှစ်ဆခန့်ပိုမိုပြီးပုံမှန် ကန်ရေပြည့်ရောက်ချိန်ထက် နှစ်လစောကာ ရေပိုလွှဲမှ ရေစတင်ကျော်နေပြီဖြစ် သည်။ သို့သော် မိုးရာသီဖြစ်သဖြင့် ယခုအချိန်အထိ စိုးရိမ်စရာမရှိသေးဘဲ အန္တရာယ်ဖြစ်ပေါ်မည့်အခြေအနေပေါ်ပေါက်မည်ဆိုပါက အချိန်နှင့် တစ်ပြေးညီကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(ဝ၇၁)

No comments:

Post a Comment