Thursday, June 1, 2017

YouTube ပေါ်မှာ ပင်တိုင်ဝယ်ယူသူ၁ဝ သန်းကျော် ပိုင်ဆိုင်ခဲ့ပြီဖြစ်တဲ့ Psy Diamond Creater Awardဆုရရှိတဲ့ ပထမဆုံးသောအာရှအနုပညာရှင်ဖြစ်လာ

Image may contain: one or more people
အေးပြည့်
နိုင်ငံတကာတေးဂီတဝက်ဘ်ဆိုက်ဒ်တစ်ခုဖြစ်တဲ့You Tube ပေါ်ကနေတစ်ဆင့် တောင်ကိုရီးယားရဲ့ ကမ္ဘာကျော် တေးသံရှင်တစ်ဦးဖြစ်တဲ့ Psy ရဲ့ တေးသီချင်းသစ်တွေကို လစဉ်ကြေးပေးသွင်းကာ ပင်တိုင်ဝယ်ယူကြည့်ရှုသူဦးရေ ဟာ လတ်တလောမှာတော့ ၁ဝ သန်းကျော်သွားခဲ့ပြီဖြစ်တဲ့ အတွက် Psy ဟာ ယင်းဝက်ဘ်ဆိုက်ဒ်က ချီးမြှင့်တဲ့Diamond Creater Award ဆုကို လက်ခံရရှိခဲ့ပြီး အာရှ မှာ ပထမဆုံး ဆုချီးမြှင့်ခံခဲ့ရတဲ့ တေးသံရှင်ဖြစ်လာကြောင်း ကိုရီးယားဘိုးဒေါ့ကွန်းရဲ့ဖော်ပြချက်တွေအရ သိရပါတယ်။
YouTube ပေါ်မှာ ပုံမှန်ကြည့်ရှုသူ တစ်သိန်းခန့် ရရှိနေတဲ့ အနုပညာရှင်ကိုတော့ ငွေရောင်ဆုတံဆိပ်ကို ချီးမြှင့်လေ့ရှိပြီး ပရိသတ်တစ်သန်းရှိပါက ရွှေရောင် ဆုတံဆိပ်ကို ချီးမြှင့်ကာ Psy ကတော့ ၁ဝ သန်းရရှိခဲ့ပြီဖြစ် တဲ့အတွက် အမြင့်ဆုံးသောဆုတံဆိပ်တစ်ခုဖြစ်တဲ့ စိန် တစ်လုံးအသွင်ဖန်တီးထားတဲ့ YouTube ရဲ့ ''play''ခလုတ်ပုံစံ ဆုတံဆိပ်ကို ချီးမြှင့်ခြင်းခံခဲ့ရတာဖြစ်ကြောင်း လည်း သိရပါတယ်။
လတ်တလောမှာ YouTube က ချီးမြှင့်ခဲ့တဲ့ ဆုတံဆိပ်ကို လက်ခံရယူခဲ့ပြီး သေတ္တာတစ်လုံးအတွင်း ထည့်သွင်းပေးပို့ခဲ့တဲ့ ဆုတံဆိပ်ကို ဖွင့်ကြည့်ခဲ့ပုံနဲ့ ဆုနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားနေတဲ့ Psy ရဲ့ ပုံရိပ်တွေ ပါဝင်တဲ့ ဗီဒီယိုဖိုင်ကိုYouTube ပေါ်မှာ ထုတ်လွှင့် ပြသထားကြောင်းလည်း သိရပါတယ်။

No comments:

Post a Comment