နေပြည်တော် မေ ၃၁
နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၏ ရုံးလုပ်ငန်းဆောင်ရွက်မှု စနစ်(e-Office စနစ်)ကို စတင်အသုံး ပြုခြင်းအခမ်းအနားကို မေ ၃ဝ ရက် နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှိ မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင်များ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးဝင်းထိန်၊ ပြည်သူ့ လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ် ရေး၊ ဆောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ အတွင်း ရေးမှူး ဦးနေဖူးဗဆွေ၊ ပြည်သူ့ လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး နှင့် နေပြည်တော်ကောင်စီနယ်မြေမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များ၊ ရခိုင်ပြည်နယ်စည်ပင်သာယာ ရေးဝန်ကြီး ဦးမင်းအောင်၊ ရှမ်း ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး စိုင်းဆွန်စိုင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့တော်ဝန် ဒေါက်တာမျိုးအောင်က အဖွင့်အမှာ စကားပြောကြားပြီး CCD Co.,Ltd မှ CTO ဦးအံ့ထူးနိုင်က e-Office စနစ် လုပ်ဆောင်မှုများကို ရှင်းလင်း တင်ပြခြင်း၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ညွှန်ကြား ရေးမှူး ဦးဇော်ဝင်းနှင့် ဝန်ထမ်းများက e-Office စနစ်လက်တွေ့အသုံးပြုမှုကို သရုပ်ပြရှင်းလင်းပြသခြင်း၊ ပြည်သူ့လွှတ်တော်၌ မြန်မာနိုင်ငံတွင် e-Gov စနစ်ဖြင့် အစိုးရလုပ်ငန်းများ ဆောင်ရွက်ရန် အဆိုတင်သွင်းခဲ့သူ ပန်းပဲတန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေဖူးဗဆွေက e-Gov ဆိုင်ရာ လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို အကြံပြုဆွေးနွေးခြင်း များ ဆောင်ရွက်ကြသည်။
မြန်မာနိုင်ငံ ကွန်ပျူတာအသင်း ချုပ်မှ ဥက္ကဋ္ဌ ဦးခွန်ဦးနှင့် Xeros ကုမ္ပဏီမှ ဦးနေလင်းတို့က e-Office စနစ်အား ဖြည့်စွက်အကြံပြုဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးဝင်းထိန်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment