Friday, June 30, 2017

တောင်ဥက္ကလာပမြို့နယ် စာတိုက်မှတ်တိုင်အနီးYBSခရီးသည်တင်ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွား

Image may contain: one or more people, people standing and outdoor
ရန်ကုန် ဇွန် ၂၉
တောင်ဥက္ကလာပမြို့နယ် ဘေလီမှ သီရိမင်္ဂလာဈေးဘက်သို့ပြေးဆွဲ သောYBS ခရီးသည်တင်ယာဉ်တစ်စီးမှာ တောင်ဥက္ကလာပမြို့နယ် စာတိုက်မှတ်တိုင်အနီး၌ ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၉ နာရီ ၁၃ မိနစ်ခန့်က ဘေလီမှသီရိမင်္ဂလာဈေးဘက်သို့ပြေးဆွဲသော ယာဉ်မောင်း ကိုနန်းဝင်း မောင်း နှင်လာသည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ ဗန္ဓုလသယ်ယူပို့ ဆောင်ရေးမှ ယာဉ်အမှတ(2C/....)YBS (38)ယာဉ်လိုင်း စီးတီး ဘတ်စ်မစ်ဆူဘီရှီ ဝါနီကျားရောင်ယာဉ်မှာ တောင်ဥက္ကလာပမြို့နယ် (၇)ရပ်ကွက် သစ္စာလမ်းဆုံအနီး သစ္စာလမ်းမကြီးအပေါ် ဖြတ်သန်း မောင်းနှင်ခိုက် အင်ဂျင်သို့သွယ်တန်းထားသောဂက်စ်ပိုက်လိုင်းပြုတ် ပြီး အင်ဂျင်အပူနှင့်ဂက်စ်တို့ထိတွေ့ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုဖြစ်ပွားရာနေရာသို့ တောင်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးမိုးသီဟဇော်ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ် တစ်စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ မိနစ် ၂ဝ တွင်မီးထိန်းနိုင်ခဲ့ပြီး နှစ်မိနစ်အကြာ တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ယာဉ်ပေါ်လိုက်ပါလာသောခရီးသည်အချို့မှာ ယာဉ်ပေါ်မှ ထွက်ပြေးခိုက် အနည်းငယ်ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်းသိရပြီး မီးလောင်မှုကြောင့် အင်ဂျင်အခန်းရှိ ဝါယာကြိုးအနည်းငယ်၊နောက် အတွင်းဘက်တာယာ နှစ်လုံး၊တစ်ယောက်ထိုင်ဖိုင်ဘာထိုင်ခုံ လေးခုံ မှာ မီးလောင်ခံရသောကြောင့် ယာဉ်မောင်း ကိုနန်းဝင်း(၂၄)နှစ် အား တောင်ဥက္ကလာပမြို့မရဲစခန်းက အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။
(စိုးဝင်း-MLA)

No comments:

Post a Comment