Monday, June 26, 2017

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၏ Training & Conference Centre ဖွင့်ပွဲ ကျင်းပ




 နေပြည်တော် ဇွန် ၂၅


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဇွန် ၂၄ ရက် နံနက်ပိုင်းက မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး၏ Training & Conference Centre ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးကSea Lionကုမ္ပဏီအနေဖြင့် မိမိတို့ရရှိလာသော အမြတ်အစွန်း၏ တစ်စိတ်တစ်ဒေသကို Corporate Social Responsibility (CSR)အနေဖြင့် ပြန်လည်လှူဒါန်း ခြင်းဖြစ်ပါကြောင်း။ 

Training & Conference Centre များသည် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ အစည်း တစ်ခုတွင်ရှိသင့်သော လက္ခဏာတစ်ရပ် ဖြစ်၍ ယခုကဲ့သို့သော Centre မျိုးသည် ရန်ကုန်ဆေးရုံကြီး၊ မန္တလေးဆေးရုံကြီး သာမက တိုင်းဒေသကြီး/ ပြည်နယ်ရှိ ဆေးရုံကြီးများ၊ အထူးကုဆေးရုံကြီးများ တွင်လည်း ရှိရန်လိုအပ်ပါကြောင်း။ 

နိုင်ငံတကာတွင် ဤကဲ့သို့လှူဒါန်း သည့် အဆောက်အအုံများ၊ ခန်းမများကို လှူဒါန်းသည့် ပုဂ္ဂိုလ်အမည်(သို့)အဖွဲ့ အစည်းအမည်ကိုပေး၍ ခေါ်ဆိုသည့် သာဓကများလည်းရှိပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့်လည်း ယခုလှူဒါန်းသည့် ကုမ္ပဏီကဲ့သို့သော ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ငန်းများမှ CSR အနေ ဖြင့် လှူဒါန်းထားမှုများကို စနစ်တကျ မှတ်တမ်းတင်ထားရှိမည်ဖြစ်ပြီး စနစ် တကျ၊ အကျိုးရှိ၊ ထိရောက်စွာ အသုံးပြု နိုင်ရေးဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း။

ယခု Centre ကိုလည်း ဆရာဝန်၊ သူနာပြု၊ ဓာတ်ခွဲ စသည့် အလွှာပေါင်းစုံမှ မိမိတို့သက်ဆိုင်ရာ ပညာရပ်တိုးတက် စေရေး အားလုံးဝိုင်းဝန်းသုံးစွဲကြစေလို ပါကြောင်း၊ ဆေးရုံအုပ်ချုပ်မှု စီမံခန့်ခွဲမှု ဆိုင်ရာပညာရပ်များ ဖွံ့ဖြိုးရေးအတွက် လည်း အသုံးပြုကြစေလိုပါကြောင်း။

ဆေးရုံအုပ်ကြီးနှင့် ဆေးရုံစီမံခန့်ခွဲသူများအနေဖြင့်လည်း ဤ Training & Conference Centre ကို စနစ် တကျ ထိရောက်စွာအသုံးပြုနိုင်ရေး ဦးဆောင် စီစဉ်ပေးစေလိုပါကြောင်း၊ ဆေးလက်တွေ့ပညာရပ်ဆိုင်ရာ ဝန်ထမ်း အားလုံး၏ အသိပညာ၊ အတတ်ပညာ များကို တစ်စိတ်တစ်ဒေသအားဖြင့် မြှင့်တင်ပေးနိုင်မည့် Training & Conference Centre ကြီး ဖြစ်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် Sea Lion Group ၏ Managing Director ဒေါက်တာ ဝင်းဇော်အောင်က လှူဒါန်းရခြင်း အကြောင်းနှင့်စပ်လျဉ်း၍ ပြောကြားကာ ပြည်ထောင်စုဝန်ကြီးထံသို့ Sea Lion Group မှ ၂ဝ၁၂ ဇန်နဝါရီ မှ ၂ဝ၁၇ မတ် အတွင်း ဆောင်ရွက်ခဲ့သော Edu-cation, Training and CSR Support မှတ်တမ်းများကို လွှဲပြောင်း ပေးအပ်သည်။ 

ယင်းနောက် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်ဟန်ထံသို့ မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီး၏ Training & Con-ference Centreတည်ဆောက်မွမ်းမံ ခဲ့သောမှတ်တမ်းများကို လွှဲပြောင်း ပေးအပ်ရာ ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ် ပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံ ကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ တင်တင် မိုးက ကျေးဇူးတင်စကားပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment