ရန်ကုန် ဇွန် ၂၅
၂ဝ၁၇ ခုနှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး
နှီးနှောဖလှယ်ပွဲ (အဆင့်မြင့်ပညာကဏ္ဍ) ပိတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉
နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ် စိန်ရတုခန်းမ၌ ဆက်လက် ကျင်းပသည်။
နှီးနှောဖလှယ်ပွဲတွင် စာတမ်းရှင်များက ဇွန် ၂၄ ရက်တွင် တက္ကသိုလ်များ၌
Facultyများ ဖွဲ့စည်းတည်ထောင်ရေး စာတမ်း၊ ဆရာ၊
ကျောင်းသားဆိုင်ရာကိစ္စရပ်များ ဖွဲ့စည်း ဆောင်ရွက်နိုင်ရေးစာတမ်း၊
လေးနှစ်သင် ပညာရေးဒီဂရီ ကောလိပ်များအဖြစ်
အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ရေး စာတမ်း၊ Credit Transfer System ကို
အဆင့်မြင့်ပညာတက္ကသိုလ် များတွင် လက်တွေ့ကျင့်သုံးနိုင်ရေး စာတမ်း၊
တက္ကသိုလ်၊ ဒီဂရီကောလိပ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုအပ်ချက်များ
ဖြည့်ဆည်းနိုင်ရေးစာတမ်း ငါးစောင်ဖတ်ကြား တင်သွင်းခဲ့ပြီး ယနေ့တွင်
စာတမ်းတက္ကသိုလ်ဝင်ခွင့်လမ်းညွှန်(မူကြမ်း)ပြင်ဆင် ပြုစုရေး၊
တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ လက်ခံခြင်းနှင့် တက္ကသိုလ်ပြောင်း၊
ဘာသာရပ်ပြောင်းလျှောက်ထားလာခြင်း အပေါ် ဆောင်ရွက်နိုင်ရေး စာတမ်း၊
တက္ကသိုလ်၊ ကောလိပ်များ တွင် Internal Quality Assurance ကို ပီပြင်စွာ
ကျင့်သုံးနိုင်ရေးနှင့် တက္ကသိုလ်များ၏ Ranking သတ်မှတ် နိုင်ရေး
စာတမ်း၊ ဆရာ၊ ဆရာမများ၏ ရာထူးတိုး/ပြောင်းရေး မူများ
သတ်မှတ်နိုင်ရေးစာတမ်း၊ အရည်အသွေးပိုမို ကောင်းမွန် သော
အဝေးသင်ပညာရေးစနစ်ပေါ်ထွက်လာရေး စာတမ်း၊ ဆရာ၊ ဆရာမ၊ အရာထမ်း၊ အမှုထမ်းများ
အရည်အသွေး မြင့်မားရေး အားပေးဆောင်ရွက်ရေးစာတမ်း စသည့် စာတမ်း
ငါးစောင်တို့ကို ဖတ်ကြားတင်သွင်းကြရာ တက်ရောက်လာကြ သူများက
ဆွေးနွေးအကြံပြုခဲ့ကြသည်။
ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန
ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသိန်းဝင်းက စာတမ်းအလိုက် ညှိနှိုင်းရရှိချက်
များကို အကြံပြုဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲ
အတည်ပြုခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
နှီးနှောဖလှယ်ပွဲတွင်
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက
နိဂုံးချုပ်အမှာစကားပြော ကြားရာတွင် ပညာရေးဝန်ကြီးဌာနက မူလတန်းသင်ရိုး
သင်ယူသူများအားလုံး မူလတန်းပညာသင်ယူပြီး မြောက်ပြီး အလယ်တန်းပညာ
ဆက်လက်သင်ယူပြီးမြောက်သည့် အခါတွင် သင်ယူသူ၏ ဝါသနာ၊ ဆန္ဒနှင့်
အရည်အချင်းအရ နည်းပညာနှင့် သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေးသင်တန်းများ
တက်နိုင် မည့် အခွင့်အလမ်းပိုမိုရရှိရေး၊ တက္ကသိုလ်ပညာ ဆက်လက်
သင်ယူနိုင်မည့် အခွင့်အလမ်းများပိုမိုရရှိအောင်တွန်းအား
ပေးကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကျောင်းသား
ကျောင်းသူများအားလုံး လူသား ကောင်းများ ဖြစ်လာရေး၊
ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သော စိတ်ဓာတ်ဖြင့် တာဝန်ယူ
တာဝန်ခံဆောင်ရွက်တတ်ရေး၊ တီထွင်ကြံဆမှု စွမ်းရည်မြင့်မားရေးအတွက်
ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေး ပြုစုကြိုးပမ်းလျက်ရှိပါကြောင်း၊
ဇွန် ၂၄ ရက်နှင့် ၂၅ ရက် တို့တွင် တင်သွင်းသည့် စာတမ်း ၁ဝ စောင်နှင့်
ဗြိတိသျှကောင်စီမှ လေ့လာဆန်းစစ်အကြံပြုချက် အစီရင်ခံစာများသည်
ပိုမိုတန်ဖိုးရှိသည့် ပညာရေးကို ဦးတည်
ပြုပြင်ပြောင်းလဲဆောင်ရွက်နိုင်ရေးအတွက် တန်ဖိုးမဖြတ်နိုင် သည့်၊
အရေးပါသည့် စာတမ်းများဖြစ်သည်ကို တွေ့ရှိရမည်ဖြစ် ပါကြောင်း၊ သို့ဖြစ်၍
ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ
(အဆင့်မြင့်ပညာကဏ္ဍ) သည် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ကျောင်းသား
ကျောင်းသူများအတွက် အမျိုးသားပညာရေးဥပဒေ၊ ပြင်ဆင် သည့် ဥပဒေနှင့်
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂ဝ၁၆-၂ဝ၂ဝ တို့နှင့်အညီ လက်တွေ့ကျကျ
အကောင်အထည် ဖော်နိုင်ရေးခရီးရှည်အတွက် စတင်လိုက်သည့်ခြေလှမ်း၊
အောင်မြင်မှု၏အစအဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည့်အတွက် ဂုဏ်ယူ
ဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။ (သတင်းစဉ်)
No comments:
Post a Comment