Monday, June 26, 2017

တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လာပြီး ယုံကြည်မှုများ တိုးတက်ဖြစ်ထွန်း




 နေပြည်တော် ဇွန် ၂၅


 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ လူမှုဝန်ထမ်းဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့ကျင်းပသော လားရှိုး မြို့နယ်ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။ 

တွေ့ဆုံစဉ် တိုင်းရင်းသားဒေသခံပြည်သူများအနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အစိုးရ နှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုရရှိလာပြီး ယုံကြည်မှုများ ပိုမိုတိုးတက်ဖြစ်ထွန်းလာပါကြောင်း၊ လူ့ဂုဏ်သိက္ခာနှင့် ပြည့်စုံသော လူမှုအသိုက်အဝန်းနှင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်သော လူ့အသိုင်းအဝိုင်းတစ်ရပ် ဖြစ်ပေါ် လာစေရေးကို ရှေးရှု၍ ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းရင်းသား ပြည်သူများနှင့် နီးစပ်မှုရှိမှသာ လိုအပ်ချက်များ ကို ဖော်ထုတ်အကောင်အထည်ဖော်ပေးနိုင်မည် ဖြစ်ကြောင်း၊ လူသားတိုင်း ဒီမိုကရေစီစံနှုန်းနှင့်ညီသော လူ့အခွင့်အရေးကို ရရှိနိုင်ရန် မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများဖြင့် ကြိုးစား ဆောင်ရွက်နေပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများ က လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်းပေးပြီး လားရှိုး မြို့နယ် လူမှုကယ်ဆယ်ရေးလုပ်ငန်းသုံးယာဉ် ဝယ်ယူရန် အတွက် မတည်ငွေကျပ် သိန်း ၃ဝ ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် ၂၄ သိန်းနှင့် လတ်တလော ဖြစ်စဉ်များကြောင့် ထိခိုက်ခဲ့သော ဆေးရုံတက် လူနာတစ်ဦးအတွက် ထောက်ပံ့ငွေကျပ် ငါးသောင်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ 

မွန်းလွဲပိုင်းတွင် ဆင်းရွှေလီဘိုးဘွားရိပ်သာသို့ ရောက်ရှိ ပြီး ဘိုးဘွားများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ဘိုးဘွားများအတွက် အဝတ်အထည်နှင့် ထောက်ပံ့ငွေများကို ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်း ဦးစီးဌာန၊ လူငယ်သင်တန်းကျောင်း(လားရှိုး)သို့ရောက်ရှိပြီး သင်တန်းသားများနှင့် ထူးချွန်လူငယ်များကို တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment