Thursday, June 1, 2017

ရွေးမြစ်ကူးမြောင်းမြတံတား(အသစ်)တည်ဆောက်ရေး ပွင့်လင်းမြင်သာမှုရှိစေရန် (Stakeholder Meeting) အခမ်းအနားကျင်းပ

Image may contain: screen
မြောင်းမြ မေ ၃၁
ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီး ဌာန တည်ဆောက်ရေးအဖွဲ့ (၁) မှ ရန်ကုန်-မြောင်းမြ-လပွတ္တာလမ်းပေါ်ရှိ ရွေးမြစ်ကူးတံတား(အသစ်) တည်ဆောက်ရေးအတွက် ပွင့်လင်းမြင်သာမှုရှိစေရန် (Stakeholder
Meeting) အခမ်းအနားကို မေ ၂၉ ရက် နံနက် ၁ဝနာရီက မြောင်းမြခရိုင်လမ်းဦးစီးဌာန (ဧည့်ရိပ်သာ)၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအား၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင် မြတ်ဦးနှင့် တာဝန်ရှိသူများ၊ မြောင်းမြမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူနှင့် မြောင်းမြမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်ဝင်းနှင့် ဒေါ်ခိုင်ဇင်ဦး၊ မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူးဦးထွေးမြင့်၊ မြောင်းမြမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်ဇေယျနှင့် တိုင်းဒေသကြီး၊
ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ သတင်း မီဒီယာများနှင့် အခြားဖိတ်ကြားထားသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအား၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မြတ်ဦး
တို့က အမှာစကားပြောကြားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန အင်ဂျင်နီယာချုပ်ဦးကျော်လင်းက မြောင်းမြတံတား (အသစ်) တည်ဆောက်မည့်လုပ်ငန်းနှင့် ပတ်သက်၍ (Powerpoint) ဖြင့်ရှင်းလင်းဆွေးနွေး
ပြီး တက်ရောက်လာသူများက သိရှိလိုသည် များကို မေးမြန်းရာ ဆောက်လုပ်ရေးဝန်ကြီး ဌာန တံတားဦးစီးဌာနမှ တာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့သည်။
ယခင်ရန်ကုန်-မြောင်းမြ-လပွတ္တာလမ်းပေါ်ရှိ မြောင်းမြကြိုးတံတားသည်
၁၉၉၆ ခုနှစ် မတ်၂၇ တွင်ဖွင့်လှစ်အသုံးပြုခဲ့ရာ နှစ်ပေါင်း ၂ဝ ကျော်ကြာမြင့်နေပြီး နာဂစ်ကာလတွင်လည်း အရေးပေါ်အခြေအနေ ကြောင့် တံတားခံနိုင်ဝန်ထက်ပိုမိုသော ကယ်ဆယ်ရေးယာဉ်တန်းများ ဖြတ်သန်းခဲ့သော ကြောင့် တံတားမှာ ပိုမိုပျက်စီးခဲ့ရပြီး ယခုအခါယာဉ်တစ်စီးခွင့်ပြုတန်ချိန်ကို ၆ဝ မှ တန်၂ဝ အထိလျှော့ချ၍ ခွင့်ပြုထားခဲ့ရခြင်း၊ မြောင်းမြကြိုးတံတားသည် သက်တမ်းကြာမြင့်၍ ခံနိုင်ရည်ဝန်အား ၈ဝ ရာခိုင်နှုန်းကျော်ကျဆင်းကာ အန္တရာယ်ရှိသောတံတားအဖြစ် သို့ ယိုယွင်းနေပြီဖြစ်သောကြောင့် အဆိုပါ
တံတားအစား တံတားအသစ် တည်ဆောက်ပေးရန် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးသူက တန် ၆ဝ ခံနိုင်ဝန်ရှိသော တံတားအသစ်တစ်စင်း တည်ဆောက်ပေးပါရန် ပြည်သူ့ လွတ်တော်တွင် အဆိုတင်သွင်းခဲ့သဖြင့် မြောင်းမြမြို့၌ တံတားအသစ်တစ်စင်းအား မူလကြိုးတံတားဟောင်းနှင့်ယှဉ်ပြီး ခံနိုင်ဝန် တန် ၆ဝ ရှိသော နှစ်လမ်းသွားသံကူကွန်ကရစ်တံတားအသစ်အား ၂ဝ၁၇-၂ဝ၁၈
ဘဏ္ဍာနှစ်တွင် နိုင်ငံတော်က တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တံတားအား ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန (တံတားပုံထုတ်)မှ မြောင်းမြ တံတားအတွက်I & H ကုမ္ပဏီနှင့် ပူးပေါင်း၍ တည်ဆောက်မည့်Three Spans Continuous PC Bridge Type Proposed Elevation ပုံစံ အား လျာထားပုံထုတ်ခဲ့ပြီး မြောင်းမြတံတား၏FB မှာHFLအထက် ၁၄ မီတာ (၄၆ ပေ)ရှိပြီး ရေလယ်ခန်းဖွင့်တိုင် တစ်တိုင်နှင့် တစ်တိုင်အကွာအဝေးမှာ ၁၂ဝ မီတာ (၄ဝဝ ပေ)ရှိ၍ တံတားဆောက်လုပ်မည့် အချိန်ကာလမှာ ၃၂ လကြာမြင့်မည်ဖြစ်ပြီး တံတားဆောက် နေစဉ်ကာလတွင်လည်း လက်ရှိကြိုးတံတား အား ဖြတ်သန်းသွားလာခွင့်ပြုထားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မင်းသွင်(မြောင်းမြ)

No comments:

Post a Comment