Thursday, June 1, 2017

ကုန်ထုတ်လမ်းအဖြစ်အသုံးပြုနိုင်သည့် တံတားတည်ဆောက်

Image may contain: one or more people, outdoor and nature
ရေတာရှည် မေ ၃၁
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမင်းလမ်းကျေးရွာအုပ်စု မှန်စီကျေးရွာနှင့် ကြာအင်းကျေးရွာအကြားDY 2 ဆည်ရေလွှတ်မြောင်းပေါ်တွင် တောင်သူများလိုအပ် ချက်အရ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တံတားတစ်စင်းတည်ဆောက်လျက်ရှိသည်။
အဆိုပါ တံတားပြီးစီးသွားပါက ရာသီမရွေး အသုံးပြုနိုင်သောကုန်ထုတ်လမ်းအဖြစ်လည်းကောင်း၊ ကျေးရွာချင်းဆက်လမ်းအဖြစ်လည်းကောင်း ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ကြတော့မည်ဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ကုန်ထုတ်လမ်းတံတားများသည် တောင်သူများအတွက်များစွာ အထောက်အကူပြုလျက်ရှိပြီး လယ်ထွန်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက် များ၊ နွားလှည်းများ စပါးသယ်ယူရာတွင် အသုံးပြုလျက် ရှိသည်ကို တွေ့ရသည်။
''ကျွန်တော်တို့ဌာနက မိုးရာသီအမီ အမြန်ဆုံးတည်ဆောက်နေတာဖြစ်ပြီး တောင်သူတွေစိုက်ပျိုးချိန်အမီ ပြီးစီးမှာပါ'' ဟု ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment