Wednesday, June 28, 2017

Miss Earth Myanmar 2017 သရဖူရှင် တင်စန္ဒာမျိုးနှင့် တွေ့ဆုံခြင်း

Image may contain: 1 person, smiling
ခန္ဓာကိုယ်ကြံ့ခိုင်လှပခြင်းအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အများအကျိုးဆောင် သည့် ပရဟိတစိတ်ထားရှိသူများကို ရွေးချယ်သည့် Miss Earth Myanmar 2017 ပြိုင်ပွဲတွင် သရဖူရရှိခဲ့သူ အသက်(၂၅)နှစ်အရွယ်ရှိ တင်စန္ဒာမျိုးနှင့် တွေ့ဆုံစဉ် မေးမြန်းဖြစ်ခဲ့သည်များကို ကြေးမုံပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။
မေး။ ။ ညီမရဲ့ အနုပညာလှုပ်ရှားမှုကို ပြောပေးပါ။
ဖြေ။ ။ ညီမက ၂ဝ၁၄ ခုနှစ်ကစပြီး မော်ဒယ်လ်လောက မှာ ရပ်တည်ခဲ့တယ်။ မော်ဒယ်လ်တစ်ယောက်အနေနဲ့ လှုပ်ရှားနေတယ်။ ဒီလိုပြိုင်ပွဲတွေမှာ ပြိုင်ဖြစ်တယ်။ အဓိကက အလှမယ်တစ်ယောက်ဖြစ်ချင်တယ်။ ညီမဘဝ မှာ Miss အဖြစ်နဲ့ ရပ်တည်ချင်တဲ့အတွက် ပြိုင်ပွဲတွေ ပြိုင်ခဲ့ပြီး ဒီနှစ်မှာမှ Miss Earth ဆုပိုင်ဆိုင်နိုင်ခဲ့တယ်။
မေး။ ။ ဒီဆုရဖို့ မျှော်မှန်းထားလား။
ဖြေ။ ။ လူတိုင်းကတော့ မျှော်လင့်ချက်ရှိတယ်။ ကိုယ့်မှာ အိပ်မက်ကိုယ်စီရှိတာပဲလေ။ အဓိကက ရပ်မနေဘဲ ကိုယ်ကကြိုးစားသွားရမယ်ဆိုတော့ ညီမမှာ ဒီလိုဖြစ်ဖို့ ဆိုတာ အိပ်မက်ရှိတယ်။ ကြိုးစားခဲ့တယ်။
မေး။ ။ ညီမဒီဆုကို ဘာကြောင့် ပိုင်ဆိုင်ခွင့်ရခဲ့တယ် ထင်လဲ။
ဖြေ ။ ။ အသက်အရွယ်ပိုင်းအရဆိုလည်း ညီမက ရင့်ကျက်တယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ တွေကိုလည်း ဦးဆောင်ဦးရွက်ပြုနိုင်မယ်။ ညီမကလည်း ပရဟိတလုပ်ငန်းတွေ၊ သဘာပတ်ဝန်းကျင်ထိန်းသိမ်းမှု ဆိုင်ရာတွေမှာ တက်ကြွစွာပါဝင်လှုပ်ရှားသူဆိုတော့ ညီမကို သူတို့က ဆက်လက်ပြီးလုပ်သင့်တယ်လို့ ရည်ရွယ် ပြီး ပေးတယ်လို့ထင်ပါတယ်။ (ရယ်လျက်)
မေး။ ။ သရဖူပိုင်ဆိုင်ခွင့်ရခဲ့ပြီဆိုတော့ ဘာတွေ ဆက်လုပ်မလဲ။
ဖြေ။ ။ Miss Earth Orgnizaton ရဲ့ အဓိက ရည်ရွယ် ချက်ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းတွေ၊ နောက်ပြီး ပရဟိတပေါ့။ အဓိက ညီမတို့ ငွေအားနဲ့ မဟုတ်ရင်တောင်မှ လူအားနဲ့ ကူညီပြီးတော့ လူ့ဘောင်အဖွဲ့အစည်းအတွက် လူသားတွေ ဘယ်လို အကျိုးပြုသွားမယ်ဆိုတာတွေကို ဆက်လက်ပြီးလုပ်ဆောင် သွားပါမယ်။
မေး။ ။ ပရိသတ်ကို စကားလက်ဆောင် ဘာပြောချင် လဲ။
ဖြေ။ ။ ညီမအနေနဲ့ ဖိလစ်ပိုင်မှာ ကျင်းပမယ့် Miss Earth ပြိုင်ပွဲမှာ အစွမ်းကုန်ကြိုးစားမယ်။ နိုင်ငံကိုယ်စား ပြုဆိုတဲ့အတိုင်း ဂုဏ်ယူရတဲ့ အမျိုးသမီးကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားယှဉ်ပြိုင်သွားပါမယ်။ ညီမကိုအားပေးတဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေအားလုံး ကို ကျေးဇူးအထူးတင်ပါတယ်။ ညီမကိုချစ်တဲ့သူတွေ အတွက် ကြိုးစားပေးဆပ်ဖို့ အဆင်သင့်ပါပဲ။

(ဇာနည်မောင်)

No comments:

Post a Comment