Wednesday, June 28, 2017

ဆရာဟောင်းနဲ့ လက်တွဲတဲ့နှစ် ဖြစ်လာလေမလား ၂ဝ၁၇

Image may contain: 1 person, outdoor
ပြီးခဲ့တဲ့၂ဝ၁၆ ခုနှစ်အတွင်း ပေါ့ဘာ၊ ဂေါ့ဇီ၊ မိုရာတာတို့ဟာ ယခင်အခြေချဖူးတဲ့ အသင်းဟောင်းတွေနဲ့ ပြန်လည်ပူးပေါင်း ခဲ့တဲ့အတွက် အဲဒီနှစ်ကို အသင်းဟောင်းတွေနဲ့ ပြန်လည် ပူးပေါင်းတဲ့နှစ်လို့ မီဒီယာတွေက အမည်တပ်ခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ်မှာတော့ နည်းပြတွေဟာ သူတို့နဲ့ လက်တွဲဖူးတဲ့ တပည့်ဟောင်းတွေကို လက်ရှိသူတို့ရောက်ရှိနေတဲ့ ကလပ် အသင်းဆီ ခေါ်ယူချင်နေတာကြောင့် ၂ဝ၁၇ ခုနှစ်ဟာ ဆရာ ဟောင်းများနဲ့ လက်တွဲတဲ့နှစ် ဖြစ်လေမလားဆိုတာတွေးစရာ ရှိပါတယ်။
မန်ယူနည်းပြ မော်ရင်ဟို၊ ချယ်လ်ဆီးနည်းပြ ကွန်တီ၊ မန်စီးတီးနည်းပြ ဂွါဒီယိုလာတို့ဟာ ကိုင်တွယ်ဖူးတဲ့ အသင်း ဟောင်းတွေက သူတို့ စိတ်ကြိုက်ဖြစ်ခဲ့တဲ့ ကစားသမားတွေကို သူတို့ လက်ရှိကိုင်တွယ်နေတဲ့ အသင်းတွေဆီ ခေါ်ယူဖို့ ကြိုးပမ်းနေတာကြောင့် အခုလို သုံးသပ်မှုတွေ ထွက်နေတာ ဖြစ်ပါတယ်။
အထင်ရှားဆုံးကတော့ မန်ယူနည်းပြ မော်ရင်ဟိုဟာ ရီးယဲလ်မှာ လက်တွဲဖူးတဲ့ ဗာရာနီ၊ စီရိုနယ်လ်ဒို၊ မိုရာတာတို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေသလို ချယ်လ်ဆီးမှာ နှစ်ရာသီကြာတွဲဖက် အလုပ်လုပ်ဖူးတဲ့ မာတစ်ကိုလည်း ခေါ်ယူဖို့ပြင်ဆင်နေပါတယ်။ ဒီကြိုးပမ်းမှုထဲမှာမှ မာတစ်၊ မိုရာတာတို့ဟာ မန်ယူနဲ့ လာ ရောက်ပူးပေါင်းဖို့ ရာနှုန်းပြည့်နီးပါးသေချာသလောက်ရှိနေပြီး မာတစ်ဆိုရင် ဒီရက်ပိုင်းအတွင်းတောင်မှ မန်ယူကို အပြီး သတ်ရောက်လာနိုင်ဖွယ်ရှိနေပါတယ်။ မော်ရင်ဟိုဟာ တပည့် ဟောင်းတွေနဲ့ ပြန်လည်လက်တွဲအလုပ်လုပ်ရတာကို သဘောကျ နှစ်သက်သူဖြစ်ပြီး ပြီးခဲ့နှစ်ကလည်း အင်တာမီလန်မှာလက်တွဲ ဖူးတဲ့ တိုက်စစ်မှူးအီဗရာဟီမိုဗစ်ကို ခေါ်ယူခဲ့ပါသေးတယ်။
ကွန်တီကတော့ ဂျူဗင်တပ်မှာ လက်တွဲဖူးတဲ့ ဘိုနူချီကို ရဖို့ ပေါင်သန်း ၇ဝ အထိ အသုံးပြုဖို့ အစီအစဉ်ရှိတယ်လို့ သတင်းတွေထွက်နေသလို ကာယကံရှင်ကိုယ်တိုင်က ဆရာ ဟောင်းနဲ့ လက်တွဲဖို့ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို လက်ခံ စဉ်းစားနေတယ်လို့ သိရပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း ကွန်တီ၊ မော်ရင်ဟို တို့လိုပါပဲ၊ ဘာစီလိုနာမှာ လက်တွဲခဲ့ဖူးတဲ့ အာဆင်နယ် တိုက် စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်၊ ဂျူဗီနောက်ခံလူ ဒန်နီ အဲလ်ဗက်စ်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ အပြိုင် ကမ်းလှမ်း နေတာပါ။ ဆန်းချက်ဇ်အတွက် ပေါင်သန်း ၆ဝနဲ့ ကမ်းလှမ်းမှု ကို အာဆင်နယ်က ပယ်ချခဲ့လို့ ခုနောက်ဆုံးဗျူဟာ တစ်မျိုးနဲ့ ချဉ်းကပ်လာပြန်ပါပြီ။ ဒါကတော့ မန်စီးတီး တိုက်စစ်ပိုင်းကို နှစ်ပေါင်းများစွာ ကြီးစိုးနေခဲ့တဲ့ တိုက်စစ်မှူး အဂူရိုနဲ့ တိုက် ရိုက် အလဲအထပ် ပြုဖို့ ကမ်းလှမ်းထားတယ်လို့ အင်ဒီပန်းဒင့် သတင်းဌာန ကဖော်ပြပါတယ်။ ဒါကြောင့် ဆန်းချက်ဇ်သာ မန်စီးတီး၊ ဘိုနူချီသာ ချယ်လ်ဆီး၊ မိုရာတာ၊ မာတစ်တို့သာ မန်ယူအသင်းကိုရောက်သွားရင် ဆရာဟောင်းတွေနဲ့ ပြန်လည် လက်တွဲမှုကို မြင်တွေ့ရဖို့ ရှိနေပါပြီ။
မေလဲ့သင်း

No comments:

Post a Comment