Sunday, June 25, 2017

KBZ Bank Cup 2017 လေးနိုင်ငံ ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲများ ကျင်းပမည်




 နေပြည်တော် ဇွန် ၂၄

 

KBZ Bank Cup 2017 လေးနိုင်ငံ ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲများကို ဇွန်၂၈ ရက်မှ ဇူလိုင် ၂ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဖိတ်ခေါ်ကျင်းပသွား မည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲသို့ ၂ဝ၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၂အသင်းက ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။

ဇွန်၂၈ ရက် မွန်းလွဲ ၃ နာရီတွင် ဟောင်ကောင်ယူ-၂၂ အသင်းနှင့် ဂျပန် တက္ကသိုလ်အသင်း၊ ညနေ၆ နာရီတွင် မြန်မာယူ-၂၂ အသင်းနှင့် ကမ္ဘောဒီးယား ယူ-၂၂ အသင်း၊ ဇွန် ၃ဝ ရက် မွန်းလွဲ ၃ နာရီတွင် ဂျပန်တက္ကသိုလ်အသင်း နှင့် က္ဘောဒီးယားယူ-၂၂ အသင်း၊ ညနေ ၆နာရီတွင် ဟောင်ကောင် ယူ-၂၂ အသင်းနှင့် မြန်မာယူ-၂၂ အသင်း၊ ဇူလိုင် ၂ ရက် မွန်းလွဲ ၃ နာရီတွင် ကမ္ဘော ဒီးယား ယူ-၂၂ အသင်းနှင့် ဟောင်ကောင်ယူ-၂၂ အသင်း၊ ညနေ ၆ နာရီတွင် မြန်မာယူ-၂၂ အသင်းနှင့် ဂျပန်တက္ကသိုလ်အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပြိုင်ပွဲအားလုံးကို အမှတ်ပေးပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။ မြန်မာယူ-၂၂ အသင်း ယှဉ်ပြိုင်သည့်ပွဲစဉ်များကို MRTV Sports Channel မှ တိုက်ရိုက် ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment