Sunday, June 25, 2017

မင်းရဲ့ နှလုံးသားလေး လှည့်စားခံရမှာစိတ်ပူတယ်ကွယ်

Image may contain: 1 person, shoes
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရက်ပ်တေးသံရှင် ဒရိတ်ခ်အနေနဲ့ စိတ်ဝင်စားနေသူတစ်ဦးထပ်မံ ပေါ်ထွက်လာခဲ့ပြီဖြစ်ကာ ဒရိတ်ခ်ရည်ရွယ်နေသူမှာ နာမည်ကျော်မော်ဒယ်လ်တစ်ဦးဖြစ်သူ ဘယ်လာ ဟစ်ဒီဖြစ်ကြောင်း ဟောလိဝုဒ်မီဒီယာတွေက ရေးသားဖော်ပြခဲ့ကြပါတယ်။ ဒီလိုသတင်းတွေ ပေါ်ထွက်လာပြီးတဲ့နောက်မှာတော့ ဒရိတ်ခ်ရဲ့ တစ်ချိန်က ဇာတ်လမ်းတွေကိုသိနေပြီး ဘယ်လာ နဲ့လည်း ရင်းနှီးတဲ့ တေးသံရှင် ရီဟားနားက ဘယ်လာကို ဒရိတ်ခ်အပေါ် စိတ်လုံးလုံးနှစ်လိုက်ဖို့ မသင့်ကြောင်းနဲ့ ဇာတ်လမ်းတွေရှုပ်တတ်သူတစ်ဦးဖြစ်တဲ့ ဒရိတ်ခ်ကြောင့် ဘယ်လာရဲ့နှလုံးသား အလှည့်စားခံရမှာကို စိတ်ပူကြောင်း သတိပေးပြောကြားခဲ့တယ်လို့ အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ရီဟားနားက မိန်းကလေးတွေနဲ့ ရှုပ်တတ်တဲ့ ဒရိတ်ခ်နဲ့ပတ်သက်ပြီး ဘယ်လာကို သတိပေးစကား ပြောကြားခဲ့ပေမယ့် ဘယ်လာကိုယ်တိုင်ကလည်း ဒရိတ်ခ်ရဲ့ ဇာတ်လမ်းတွေကို သိနေသူတစ်ဦးဖြစ်တာမို့ အသည်းခွဲခံရမှာတော့ မဖြစ်နိုင်ဖို့များပါတယ်။ ဒါပေမယ့်လည်း လတ်တလောမှာ ဘယ်လာဟာ အသက် (၂ဝ) သာရှိသေးတဲ့ ငယ်ရွယ်တဲ့ မိန်းကလေးတစ်ဦးဖြစ်တာကြောင့် ဒရိတ်ခ်ရဲ့ အနိုင်ယူခြင်းခံရမှာကို ရီဟားနားက စိုးရိမ်နေတာလည်း ဖြစ်ပါတယ်။
ဒရိတ်ခ်နဲ့ ဘယ်လာတို့နှစ်ဦးပတ်သက်နေကြောင်း သတင်းတွေပေါ်ထွက်လာခဲ့ပြီးနောက်မှာ ရီဟားနားက ဘယ်လာဆီကို စာရေးသားပေးပို့ကာ သတိပေးစကားဆိုခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်မှာ ဘယ်လာဟစ်ဒီနဲ့ ''ံHotline Bling'' တေးသံရှင် ဒရိတ်ခ်တို့ဟာ လော့စ်အိန်ဂျလိစ်မှာရှိတဲ့ ကလပ်တစ်ခုမှာ ပါတီပွဲအတူဆင်နွှဲခဲ့ကြပြီးနောက် သူတို့နှစ်ဦးရဲ့ ကောလာဟလတွေ စတင်ပေါ် ထွက်လာခဲ့တာဖြစ်ပါတယ်။
ရက်ပ်တေးသံရှင်တစ်ဦးဖြစ်တဲ့ ဒရိတ်ခ်ဟာ မကြာခဏဆိုသလို အမျိုးသမီးတွေနဲ့ သတင်း တွေထွက်လေ့ရှိတဲ့ ကြယ်ပွင့်တစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်နှစ်ပတ်အတွင်းမှာပဲ နာမည်ကျော် တေးသံရှင်တစ်ဦးဖြစ်သူ မရက်ရှ်ကာလေးနဲ့ ကောလာဟလတွေပေါ်ထွက်ခဲ့ကာ အခြားသော အမျိုးသမီးတစ်ဦးနဲ့လည်း ရင်းရင်းနှီးနှီးတွဲတာ တွေ့ခဲ့ပါတယ်။ ဒါ့အပြင် ယခင်ကလည်း နာမည်ကျော် ကြယ်ပွင့်တွေနဲ့ သတင်းတွေထွက်ခဲ့ဖူးသူဖြစ်ပြီး ဒရိတ်ခ်နဲ့တွဲခဲ့သူတွေထဲမှာ တေလာဆွစ်နဲ့ ဂျနီဖာလိုပက်ဇ် တို့လည်း ပါဝင်နေတာ တွေ့ရပါတယ်။
အေးပြည့်

No comments:

Post a Comment