နေပြည်တော် ဇွန် ၂၆
ပျက်ကျခဲ့သော တပ်မတော်ပို့ဆောင်ရေးY-8 လေယာဉ်တွင် ပါဝင်သွားခဲ့သည့်
အရာရှိ/စစ်သည်၊ မိသားစုများနှင့် လေယာဉ် အမှုထမ်းများအတွက် ဒုတိယအကြိမ်
ထောက်ပံ့ငွေ$ကျပ် ၁၅ သိန်းကို ဒုတိယသမ္မတ ဦးမြင့်ဆွေ-ဒေါ်ခင်သက်ဌေး
မိသားစုက ဇွန် ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန
ဝန်ကြီးရုံးသို့ လာရောက်ပေးအပ်လှူဒါန်းရာ ကာကွယ်ရေးဝန်ကြီး ဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက လက်ခံသည်။
အလားတူ ပျက်ကျခဲ့သော လေယာဉ်တွင် ပါဝင်သွားခဲ့သည့် အရာရှိ/စစ်သည်၊ မိသားစုများနှင့် လေယာဉ်အမှုထမ်းများအတွက် ထောက်ပံ့ငွေ$ကျပ် သိန်း ၃ဝ ကို ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက လက်ခံခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment