ရန်ကုန် ဇွန် ၂၆
ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့်
ဒုတိယအကြိမ်မြောက် ဥရောပ-အာရှနိုင်ငံများ၏ လွှတ်တော်ဥက္ကဋ္ဌများ
အစည်းအဝေးသို့တက်ရောက်ရန် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်
ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၅ ရက်ညပိုင်းတွင် ရန်ကုန်မြို့မှ
လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့ အား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်တို့က ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမန်းထွန်းကြိုင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
(သတင်းစဉ်)

No comments:
Post a Comment