Tuesday, June 27, 2017

အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂ဝ၂၅ စီမံချက်ပါလုပ်ငန်းကော်မတီများ၏ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေး ကျင်းပ



Image may contain: 1 person, sitting
 နေပြည်တော် ဇွန် ၂၆

 

အာဆီယံ စီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂ဝ၂၅ ပြည့်မီအောင်မြင်ရေး အတွက် စီမံချက်ပါ လုပ်ငန်းကော်မတီ များနှင့် ဒုတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ရုံးအမှတ်(၁)၌ ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပသည်။ 

အဆိုပါ အစည်းအဝေးကို အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂ဝ၂၅ စီမံချက်ပါ လုပ်ငန်းကော်မတီများမှ သက်ဆိုင်ရာ ကော်မတီအလိုက် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ရှေ့ဆက်လက် ဆောင်ရွက်ရန်များကို ရှင်းလင်းတင်ပြရန် ကျင်းပခြင်းဖြစ်သည်။

ကော်မတီများ၏ တင်ပြချက်များနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မတူညီသောနိုင်ငံ၊ မတူညီသော တောတောင်သဘာဝ၊ မတူညီသောအယူအဆ၊ မတူညီသော အခြေခံအဆောက်အအုံများဖြင့် ဖွဲ့စည်း ထားသော အာဆီယံတွင် အားလုံး တန်းတူညီမျှဖြစ်စေရေး၊ သာတူညီမျှ ဖြစ်စေရေး ကြိုးစားနေကြသော်လည်း မတူညီသည့် အဆိုပါ အခြေခံများကြောင့် အချို့နိုင်ငံများသည် ရှေ့သို့ရောက်ပြီး အချို့မှာ နောက်ကျကျန်နေဆဲ ဖြစ်ပါကြောင်း၊ ယင်းအခြေအနေသည် အေအီးစီ ၂ဝ၂၅ ပါ လုပ်ငန်းများ အကောင်အထည်ဖော် ပြီးစီးသွားချိန်တွင် လည်း တည်ရှိနိုင်မည်ဟု သုံးသပ်မိ ပါကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် ယခုလက်ရှိ၌ အာဆီယံတွင် နောက်ဆုံးအဆင့် ရောက်နေသော်လည်း အေအီးစီ ၂ဝ၂၅ အကောင်အထည်ဖော်မှုနှင့်အတူ အလယ်အလတ်အဆင့်သို့ ရောက်ရှိနိုင် ရန် ကြိုးစား တက်လှမ်းသွားရ မည်ဖြစ်ကြောင်း၊ ရောက်နိုင်စွမ်းရှိသည့် နေရာဟုလည်း မိမိယုံကြည်ပါ ကြောင်း၊ မိမိတို့၏ စီမံခန့်ခွဲမှုများ၊ မျှော်မှန်းချက်များ၊ အတွေးအခေါ်များ သည် အခြားသောနိုင်ငံများနှင့်တန်းတူရှိနေလျှင် မိမိတို့မျှော်မှန်းသည့် အနေအထားသို့ ရောက်ရှိနိုင်မည်ဟု ယုံကြည်နိုင်ပါကြောင်း။

ဌာနဆိုင်ရာအားလုံး ပူးပေါင်း ဆောင်ရွက်မှသာ အေအီးစီ ၂ဝ၂၅ လုပ်ငန်းစဉ်များ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံအတွက် အနှစ်သာရ ကျန်စေရေး၊sustainable ဖြစ်စေရေး အတွက် ဦးတည်ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း ၊ အေအီးစီ ၂ဝ၂၅ တွင်သာမက ၊ ၂ဝ၂၅ ခုနှစ်အလွန် တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ တွင်လည်း ယင်းဦးတည်ချက်ကို ပိုင်ဆိုင်ထားရန် အရေးကြီးပါကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းအားဖြင့် မိမိတို့ မျှော်မှန်းချက်ကို တစ်နေ့ရောက်ရှိ နိုင်မည်ဖြစ်ပါကြောင်း။

မိမိတို့၏ ယုံကြည်ချက်များ၊ ရှိရင်းစွဲ စွမ်းရည်များကို အပြည့်အဝအသုံးချပြီး ဆောင်ရွက်ရမည့် လုပ်ငန်းများကို မိမိတို့၏ Asset အဖြစ် ဆောင်ရွက်ရန် အရေးကြီးပါကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။ (သတင်းစဉ်)

No comments:

Post a Comment