Thursday, June 29, 2017

မန်ယူအသင်းသို့ပြောင်းရွှေ့ရန် ခြေလှမ်းတိုးလာပြီဖြစ်သည့် မိုရာတာ

Image may contain: 1 person, smiling, standing and outdoor
ရီးယဲလ်တိုက်စစ်မှူး မိုရာတာက မန်ယူအသင်းသို့ ပြောင်းရွှေ့သည့်ကိစ္စ အမြန်ဆုံးပြီးပြတ်ရန် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဆွေးနွေးမှုများကို အရှိန်မြှင့်ရေးအတွက် ဇနီးဖြစ်သူ အဲလစ် ကန်ပယ်လိုနှင့် ပျားရည်ဆမ်းခရီးထွက်နေရာမှ မက်ဒရစ်မြို့သို့ ရုတ်တရက်ပြန်လာခဲ့သည်။မက်ဒရစ်သို့ မိုရာတာ ပြန်လာသည့် အဓိကအကြောင်းရင်းမှာ မန်ယူသို့ ပေါင် ၆၃ သန်း ဖြင့် ပြောင်းရွှေ့ခွင့်ပေးရန် ရီးယဲလ်အသင်းကို တွန်းအားပေးရေးအတွက် ဖြစ်သည်။
သတင်းရင်းမြစ်များ၏ အဆိုအရ ရီးယဲလ်သည် မိုရာတာအတွက်ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၈ဝ အထိ တိုးမြှင့်လိုက်ပြီး မန်ယူ၏ခြေလှမ်းများကို ရပ်တန့်အောင် ဆောင်ရွက်နေရာ မိုရာတာက ရီးယဲလ်နှင့် တေ့တေ့ဆိုင်ဆိုင်ညှိနှိုင်းမှုပြုလုပ်ရန် ယခုကဲ့သို့ ပျားရည်ဆမ်းခရီး ထွက်နေသည့်ရက်ကို လျှော့ချကာ မက်ဒရစ်သို့ ပြန်လာခဲ့ခြင်းဖြစ်သည်။
မိုရာတာမှာ မန်ယူနည်းပြ မော်ရင်ဟိုနှင့် ဖုန်းဖြင့် အကြိမ်ကြိမ်ဆွေးနွေးမှုပြုခဲ့ပြီးနောက် မန်ယူသို့ပြောင်းရွှေ့မည်ဟု ပုဂ္ဂိုလ်ရေးအရ ကတိကဝတ်ပြုခဲ့ပြီးဖြစ်သည်။ သို့သော် ရီးယဲလ် မက်ဒရစ်အသင်းက မိုရာတာ၏ ပြောင်းရွှေ့ကြေးကို ထပ်တိုးသတ်မှတ်လိုက်ရာ မန်ယူ၏ ခြေလှမ်းများနောက်ဆုတ်သွားမည်ကို မိုရာတာက စိုးရိမ်နေပြီး အပြောင်းအရွှေ့အလျင်အမြန် ပြီးပြတ်ရန် လိုလားနေခြင်းဖြစ်သည်။ ရီးယဲလ်အသင်းသည် ပြီးခဲ့သည့်နှစ်နွေရာသီက မိုရာတာကို ဂျူဗင်တပ်မှ ပြန်လည်ဝယ်ယူခွင့် စာချုပ်ပါအချက်ဖြင့် ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ သို့သော် မိုရာတာမှာ ဘင်ဇီမာ၏နောက် ဒုတိယဦးစားပေးကစားသမားအဖြစ်သာ ကစားခွင့် ရနေခြင်းကြောင့် ပုံမှန်ပွဲထွက်ခွင့်ရ အသင်းတစ်သင်းဆီသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေသည်။
လာလီဂါ ချန်ပီယံအဖြစ် အောင်ပွဲခံသည့် အခမ်းအနားတွင်လည်း မိုရာတာမှာ ပရိသတ်များဘက်သို့ကြည့်ပြီး ငိုကြွေးခဲ့ရာ အသင်းဖော်များက ဝိုင်းဝန်းနှစ်သိမ့်ခဲ့ရပြီး မိုရာတာ က နည်းပြ ဇီဒန်းက သူ့ကို အသင်းမှထွက်ခွာရန် ဆန္ဒရှိသဖြင့် မျက်ရည်ကျရခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
မေလဲ့သင်း

No comments:

Post a Comment