Thursday, June 29, 2017

ခုတင် (၅ဝဝ) ဆံ့ ဆေးရုံ ခွဲစိတ်ဆောင်၌ မီးလောင်မှုဖြစ်ပွား

Image may contain: one or more people, tree, sky and outdoor
ရန်ကုန် ဇွန် ၂၈
ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ခုတင် (၅ဝဝ) ဆံ့ ဆေးရုံရှိ ခွဲစိတ်ဆောင်၌ ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် လမ်းမတော်မြို့နယ် (၉)ရပ်ကွက် ပြည်လမ်းနှင့်မင်းရဲ ကျော်စွာလမ်းထောင့်ရှိRC-လေးထပ် ခုတင် (၅ဝဝ) ဆံ့ ဆေးရုံ ခွဲစိတ်ဆောင် ပထမထပ်ရှိ (20×40)ပေ အဝတ်လျှော် စက်နှင့် အဝတ်အခြောက်ခံစက်များထားရှိသည့်အခန်းမှ အဝတ်အခြောက်ခံစက်အသုံးပြုနေစဉ် မော်တာဂျန့်ဖြစ် ပြီး အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိုး ဦးဆောင်ပြီး ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် လေးစီးအပါအဝင် အခြားမြို့နယ်များမှ မီးငြှိမ်းသတ်ယာဉ် ခုနစ်စီး၊ ကွပ်ကဲမှုယာဉ် နှစ်စီးတို့ဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဆေးရုံဝန်ထမ်းများကDCP (2kg) မီးသတ်ဆေးဘူး လေးဘူးဖြင့် ကနဦးမီးငြှိမ်းသတ်ခဲ့ကြရာ နံနက် ၇ နာရီခွဲတွင် မီးငြိမ်းသွားကြောင်း သိရ သည်။
မီးလောင်မှုကြောင့် အထွေထွေလုပ်သား ကိုမျိုးဇော် ဦး (၂၈)နှစ်အား လမ်းမတော်မြို့မရဲစခန်းက အရေးယူ ထားကြောင်း သိရသည်။
သတင်း-စိုးဝင်း(MLA)
ဓာတ်ပုံ-အောင်ပြည့်

No comments:

Post a Comment