Thursday, June 29, 2017

ခရစ္စတယ်ပဲလေ့စ်အသင်း၏ မှားယွင်းသည့်လုပ်ရပ်

Image may contain: 2 people, people standing and outdoor
ခရစ္စတယ်ပဲလေ့စ်အသင်းသည် နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့သည့် ဖရန့်ဒီဘိုးဝါးအကြောင်း ကို တွစ်တာစာမျက်နှာပေါ်တင်ခဲ့ရာတွင် ဖရန့် ဒီဘိုးဝါး၏ အမြွှာညီအစ်ကိုဖြစ်သူ ရိုနယ်လ်ဒီ ဘိုးဝါး၏ ဓာတ်ပုံများကို မှားယွင်းအသုံးပြုခဲ့ ကြောင်း သိရသည်။ ယင်းဖြစ်ရပ်အပေါ် ရိုနယ်လ်ဒီဘိုးဝါးက ''ဖရန့်ရေ မင်းရဲ့လှုပ်ရှားမှု ကောင်းကောင်းပုံတွေက ရှာရခက်တော့ ငါ့ဓာတ်ပုံတွေကို မင်းအစားသုံးသွားတာပေါ့ ကွာ''ဟု ပဲလေ့စ်အသင်း မှားယွင်းဖော်ပြခဲ့သည့် ဓာတ်ပုံနှစ်ပုံနှင့်တကွ သူ၏တွစ်တာစာမျက်နှာ ပေါ် တင်ခဲ့သည်။
ရိုနယ်လ်ဒီဘိုးဝါးမှာ အေဂျက်စ်ယူ-၁၉ အသင်း လက်ထောက်နည်းပြအဖြစ် တာဝန် ယူဆောင်ရွက်နေသူဖြစ်ပြီး နည်းပြဘဝတွင် ဖရန့်ဒီဘိုးဝါးလောက် အောင်မြင်မှုမရရှိသေး သူဖြစ်သည်။ သူတို့နှစ်ဦးသည် အေဂျက်စ်၊ ဘာစီလိုနာနှင့် နယ်သာလန်လက်ရွေးစင် အသင်းတွင် အတူတကွကစားခဲ့ကြသူများ ဖြစ်ပြီး ရုပ်ချင်းအတော်ဆင်သည့် အမြွှာ ညီအစ်ကိုများဖြစ်ကြသည်။
ပဲလေ့စ်အသင်းသည် ပြီးခဲ့သည့်တနင်္လာ နေ့ ဖရန့်ဒီဘိုးဝါးကို နည်းပြ ဆမ်အလာဒွိုက်စ် နေရာတွင် အစားထိုးခန့်အပ်နိုင်ခဲ့ပြီးနောက် သူတို့အသင်း တွစ်တာစာမျက်နှာပေါ်တွင် ဖရန့်ဒီဘိုးဝါး၏ အကြောင်းကိုတင်ခဲ့ရာ ရိုနယ်လ်ဒီဘိုးဝါး၏ ဓာတ်ပုံများကို မှားယွင်း အသုံးပြုခဲ့ခြင်းဖြစ်သည်။
မေလဲ့သင်း

No comments:

Post a Comment