မြန်မာ့အလင်းအယ်ဒီတာအာဘော်
မြန်မာနိုင်ငံ၏ယာဉ်မောင်းစနစ်မှာ လက်ယာကပ်မောင်းစနစ်ဖြစ်သည်။ လက်ယာကပ်မောင်းစနစ်အရ ရှေ့ယာဉ်ကို နောက်ယာဉ်က ကျော်လိုပါက လက်ဝဲဘက်မှ ကျော်ရသည်။ မြို့ချင်းဆက်လမ်း အတော်များများမှာ အသွားအပြန် ယာဉ်ကြောနှစ်ခုသာရှိသော လမ်းများဖြစ်ကြသည့် အလျောက် ရှေ့မှယာဉ်ကြီးများက မြင်ကွင်းတွင် အတားအဆီးဖြစ်နေ တတ်ပြီး မျက်နှာချင်းဆိုင်မှလာသည့်ယာဉ်ရှင်းလင်းပါက ကျော်တက်နိုင် ကြောင်း လက်ဝဲမီးဖြင့်အချက်ပြခြင်း၊ မျက်နှာချင်းဆိုင်မှ ယာဉ်လာ နေပါကလည်း မကျော်သင့်သေးကြောင်း လက်ယာမီးဖြင့်အချက်ပြခြင်း တို့ကို ယာဉ်မောင်းသူအချင်းချင်းနားလည်မှုဖြင့် ကျင့်သုံးနေကြသည်။ စင်စစ်အားဖြင့် ဤအမှားသည် အများညီနေကြသည့် အမှားတစ်ခုဖြစ်ပြီး အ္တရာယ်ကြီးမားသည့် နားလည်မှုဟုလည်း ဆိုရမည်ဖြစ်သည်။
လမ်းလယ်သို့တက်မောင်းနေသည့် ဆိုင်ကယ်တစ်စီးကို အရှိန်ဖြင့် မောင်းလာသည့် ကုန်တင်ယာဉ်က လုံလောက်သည့် အကွာအဝေးမှ ဟွန်းပေး၍ လမ်းတောင်းသည်။ ဆိုင်ကယ်က လက်ဝဲမီးပြကာ ကျော်တက် နိုင်ကြောင်း(မှားယွင်းစွာ)အချက်ပြပြီး လက်ယာဘက်သို့ကပ်လိုက်သည်။ နောက်မှ ကုန်တင်ယာဉ်ကြီးက လက်ဝဲဘက်မီးပြထားသည့် ဆိုင်ကယ်သည် လက်ဝဲဘက်သို့ ကွေ့လိမ့်မည်ဟု (အမှန်အတိုင်း)ယူဆပြီး လက်ယာဘက်မှ အရှိန်ဖြင့်ကျော်လိုက်သည်။ ဆိုင်ကယ်တစ်စီးလုံး မွမွကြေသွားပြီး ဆိုင်ကယ်မောင်းသူနှင့် နောက်မှလိုက်ပါလာသူတို့နှစ်ဦးစလုံး မရှုမလှ သေဆုံးကြရသည်။ လက်ဝဲဘက်မီးဖြင့်အချက်ပြခြင်းမှာ လက်ဝဲဘက်သို့ ကွေ့မည်ဟု အချက်ပြခြင်းသာဖြစ်ပြီး နောက်ယာဉ်ကို ကျော်တက်နိုင် ကြောင်း အချက်ပြခြင်းမဟုတ်ပါပေ။

ယခုအခါ ယာဉ်အ္တရာယ်ကင်းဝေးစေရန် မော်တော်ယာဉ်များကို မြို့တွင်း၊ မြို့ပြင်နှင့် အမြန်လမ်းမကြီးစသည်တို့တွင် သတ်မှတ်အမြန်နှုန်း များဖြင့်သာ မောင်းနှင်ရေး၊ မီးအချက်ပြမှု မှန်မှန်ကန်ကန်ကျင့်သုံးစေရေး တို့အတွက် ပညာပေးကာလကို ယခုလ ၉ ရက်နေ့မှစ၍ ဇူလိုင်လ ၃၁ ရက် နေ့အထိ သတ်မှတ်ကာ အသိပညာပေးမှု၊ စစ်ဆေးကြပ်မတ်မှုများ ပြုလုပ် ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့်အလျောက် ယာဉ်မောင်းများ၊ လမ်း အသုံးပြုသူများ အားလုံးက တိတိကျကျ လိုက်နာဆောင်ရွက်ကြဖို့ လိုမည် ဖြစ်သည်။ အမှားကြာ၍ အမှန်သဖွယ်ဖြစ်လာကာ လက်ခံကျင့်သုံးနေကြ သည့် နားလည်မှုအမှား၊ အများညီနေကြသည့် အမှားတစ်ခုကို ပြုပြင်ရန် မှာ အချိန်ကာလတစ်ရပ်လိုအပ်သလို အားလုံးကပါဝင်ကြရန်လည်း လိုမည် ဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယာဉ်မတော်တဆမှုများကြောင့် တစ်နေ့ လျှင် လူ ၁ဝ ဦးနှင့်အထက်သေဆုံးနေကြရပြီး လူ ၈ဝ ခန့်မှာ ဒဏ်ရာရရှိ နေကြကြောင်း၊ ယာဉ်မတော်တဆမှုများ၏ အဓိကအကြောင်းရင်းမှာ အရှိန်ပြင်းမောင်းနှင်မှုများကြောင့်ဖြစ်ကြောင်း အသိပေးနှိုးဆော်ထားမှုမှာ အထူးဂရုပြုဖွယ်ဖြစ်ပြီး ယာဉ်အ္တရာယ်ကင်းရှင်းရေးတွင် ယာဉ်မောင်း များ၏ အဓိကကျမှုကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။ တည်ဆဲမော်တော် ယာဉ်နည်းဥပဒေအရ သတ်မှတ်အမြန်နှုန်းများဖြစ်သည့် မြို့နယ်နိမိတ် အတွင်း တစ်နာရီလျှင် ၄၈ ကီလိုမီတာ(မိုင် ၃ဝ)နှုန်း၊ မြို့ပြင်တစ်နာရီလျှင် ၈ဝ ကီလိုမီတာ (မိုင် ၅ဝ)နှုန်း၊ နောက်တွဲပါယာဉ်၊ မီးလောင်ပေါက်ကွဲ စေတတ်သော ပစ္စည်းများတင်ဆောင်သောယာဉ်များ မြို့တွင်း တစ်နာရီ လျှင် ၃၂ ကီလိုမီတာ (မိုင် ၂ဝ) နှုန်း၊ မြို့ပြင် တစ်နာရီလျှင် ၅၆ ကီလိုမီတာ (၃၅ မိုင်) နှုန်း၊ မြို့တွင်း တစ်ဖက်လျှင် ယာဉ်ကြော သုံးခုစီပါဝင်သော ခြောက်လမ်းသွားလမ်းများတွင် အသွားအပြန် လက်ဝဲစွန်းယာဉ်ကြောပေါ်၌ တစ်နာရီလျှင် ၆၄ ကီလိုမီတာ (မိုင် ၄ဝ) နှုန်းတို့ကို ဂရုပြုလိုက်နာ မောင်းနှင်ခြင်း၊ အမြန်လမ်းမကြီးပေါ်တွင်လည်း သတ်မှတ်အမြန်နှုန်း အတိုင်း လိုက်နာမောင်းနှင်ခြင်းတို့ဖြင့် ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းလာမည်ဖြစ်သည်။
လာမည့် ဇူလိုင်လ ၃ ရက်နေ့အထိ ပညာပေးကာလပြီးနောက် သြဂုတ် လ ၁ ရက်နေ့မှစ၍ သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များ ကို မော်တော်ယာဉ်ဥပဒေအရ အရေးယူသွားမည်ဖြစ်ရာ စက္ကန့်နှင့်အမျှ အရှိန်အဟုန်နှင့် ရွေ့လျားနေသော မော်တော်ယာဉ်ကို သတိသမ္ပဇဉ်ဖြင့် ဆင်ဆင်ခြင်ခြင် ထိန်းသိမ်းမောင်းနှင်ခြင်းဖြင့် ယာဉ်အ္တရာယ်ဘေးမှ ကင်းဝေးကြပါမည်ဖြစ်ကြောင်း။ ။
No comments:
Post a Comment