Monday, June 26, 2017

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမ-ဗဟိုကော်မတီ (သတ္တမ)အကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပ

Image may contain: 1 person

ရန်ကုန် ဇွန် ၂၅
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမ-ဗဟိုကော်မတီ (သတ္တမ) အကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဇွန်၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုဌာနချုပ်)တွင် ကျင်းပ သည်။
အစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ အပါအဝင် ၁၂ဝ ကျော် တက်ရောက်ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှတက်ရောက်လာကြသော ဗဟိုကော်မတီဝင် အဖွဲ့ဝင်များက တင်သွင်းသော နိုင်ငံရေးအစီရင်ခံ စာများကို တင်ပြဆွေးနွေးကြသည်။
အစည်းအဝေး(ပထမနေ့)နှင့်ပတ်သက်၍ အစည်း အဝေးသဘာပတိဖြစ်သူ ဗဟိုကော်မတီဝင် မကွေးတိုင်း ဒေသကြီး အမှတ်(၄) မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ''တိုင်းဒေသကြီး အားလုံးက ဗဟိုကော်မတီဝင်တွေအနေနဲ့ မိမိတို့ရဲ့ တိုင်း ဒေသကြီးအတွင်း လက်ရှိနိုင်ငံရေးအခြေအနေတွေ၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာအခြေအနေတွေ၊ မိမိနယ်မြေ အတွင်းမှာရှိတဲ့ ပါတီတွင်းအခြေအနေတွေ၊ တစ်နိုင်ငံလုံးရဲ့ အတိုင်းအတာအနေနဲ့ဖြစ်နေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် သူတို့တွေရင်ဆိုင်ကြုံတွေ့နေရတဲ့ အဆိုး၊ အကောင်း အတွေ့အကြုံတွေကို အစီရင်ခံစာတွေ အသီးသီးတင်သွင်းကြတယ်။ အဲဒီလိုပဲ ဗဟိုကော်မတီကနေ လည်း ဗဟိုကော်မတီနိုင်ငံရေးအစီရင်ခံစာ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့အစီရင်ခံစာ စတဲ့လုပ်ငန်းအဖွဲ့ရဲ့ အစီရင်ခံစာ တွေကို တင်သွင်းပါတယ်''ဟု ပြောသည်။
အစည်းအဝေး(ပထမနေ့)တွင် အဓိကတင်သွင်း ဆွေးနွေးမှုများအဖြစ် ယခင်က ပယ်ဖျက် (ရပ်ဆိုင်း)ထား သောရေးရာကော်မတီလုပ်ငန်းအဖွဲ့များကို ပြန်လည် ဖွဲ့စည်းပေးရန်၊ မိမိတို့၏နယ်မြေများအတွင်း ရင်ဆိုင် ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးအခြေအနေများ၊ မြေသိမ်းဆည်းခံရသည့်ကိစ္စရပ်များနှင့် စီးပွားရေးအခြေ အနေများအပြင် ရုံးကိစ္စဆိုင်ရာ ငွေကြေးကိစ္စ အခက် အခဲများကို အစီရင်ခံစာတင်သွင်းခဲ့ကြောင်း သိရသည်။
ယနေ့ အစည်းအဝေးတွင် အစီရင်ခံစာများအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြန်လည်ဆွေးနွေးမှု များပြုလုပ်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပြန်လည် ရှင်းလင်းခြင်း၊ ဆွေးနွေးအတည်ပြုခြင်းများကိုပြုလုပ်ရာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)ကို ထောက်ခံကြောင်း၊ အဆင့်ဆင့်သော လိုအပ်သည့်ရေးရာ ကော်မတီများ ပြန်လည်ဖွဲ့စည်းရန်၊ အခါအားလျော်စွာ နိုင်ငံရေးအဆင့်မြှင့်သင်တန်းများ ဖွင့်လှစ်ရန်၊ ပါတီလစဉ် ကြေးအစား ပါတီနှစ်စဉ်ကြေးဟု ပြောင်းလဲကောက်ခံရန်၊ လူငယ်ညီလာခံကျင်းပရန်၊ လိုအပ်သော စည်းရုံးရေး အဖွဲ့များကို ယာယီစည်းရုံးရေးကော်မတီအဖြစ် ဖွဲ့စည်း ပေးရန်၊ ပထမဗဟိုကော်မတီ(သတ္တမ)အကြိမ် အစည်းအဝေး သို့ တင်သွင်းသော တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဗဟိုကော်မတီဝင်များ၏ အစီရင်ခံစာများကို မှတ်တမ်းတင် ကြောင်း စသည့် အချက်(၇)ချက်ကို အတည်ပြုဆုံးဖြတ် နိုင်ခဲ့ကြောင်း သိရသည်။
''ပထမနေ့ ဖတ်ကြားတဲ့အစီရင်ခံစာထဲမှာ အဖွဲ့ချုပ် ရဲ့ စီးပွားရေးကော်မတီ အစီရင်ခံစာဆိုရင် တော်တော် လေးကောင်းပါတယ်။NLD အစိုးရရဲ့လုပ်ဆောင်ချက်ထဲမှာ စီးပွားရေးနဲ့ပတ်သက်ပြီးတော့ အောင်မြင်တာတွေရှိတယ်။ မအောင်မြင်တာတွေရှိတယ်။ အထူးသဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီးတော့ အလားအလာတွေ ဘယ်လိုရှိတယ်ဆိုတာတွေကို ချပြသွားတယ်။ အဲဒီအစီရင် ခံစာကိုကြည့်ခြင်းအားဖြင့် စီးပွားရေးအခြေအနေဟာ နောက်လာမယ့်ကာလတွေမှာ ပိုပြီးတော့အဆင်ပြေ ဖွံ့ဖြိုးလာမယ်ဆိုတာ မှန်းဆလို့ရပါတယ်''ဟု ဗဟို ကော်မတီအဖွဲ့ဝင်ဖြစ်သူ မုံရွာ ဦးအောင်ရှင်က ပြောသည်။
ဆက်လက်၍ ''နောက်တစ်ချက်ကတော့ သိမ်း ဆည်းခံရတဲ့ လယ်ယာမြေတွေနဲ့ပတ်သက်ပြီးတော့လည်း ပြန်လည်ဖြေကြားတာတွေတော်တော်ကောင်းပါတယ်။ လယ်ယာမြေ သိမ်းဆည်းခံရတာတွေကို ပြန်လည်ပေးဖို့မှာ သက်ဆိုင်ရာအလိုက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ကို မြေစာရင်းဦးစီးဌာနရယ်၊ သက်ဆိုင်ရာအလိုက် သိမ်းထားတဲ့ သူတွေရယ်နဲ့ အမြန်ဆုံး ပြန်ပြီးရအောင် လုပ်ဆောင်ပေးဖို့အတွက် အစီအစဉ်ရှိတယ်ဆိုတာကို တင်ပြတာကိုတွေ့ရပါတယ်။ ဒီအစည်းအဝေးဟာ ပါတီ အစည်းအဝေးဖြစ်ပေမယ့် ပါတီရဲ့ အခန်းကဏ္ဍဟာ အစိုးရ နဲ့ လွှတ်တော်ကဏ္ဍမှာ အများကြီးအရေးကြီးပါတယ်။ လာမယ့်ကာလမှာ ပိုမိုကောင်းမွန်အောင် ဆောင်ရွက် နိုင်မှာပါ''ဟုပြောသည်။
မွန်းလွဲပိုင်းတွင် အစည်းအဝေးကျင်းပခဲ့မှုနှင့် ပတ် သက်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဥာဏ်ဝင်း၊ ဦးဝင်းထိန်နှင့် ဦးထွန်းထွန်းဟိန်တို့က သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ မီဒီယာများ၏မေးမြန်းမှု အပေါ် ယမန်နေ့က လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ ခဲ့သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်တာဝန်ပေး အပ်သော ကြေညာချက်မှာ အတုသာဖြစ်ကြောင်း၊ ပါတီ အဖွဲ့ဝင်များအနေဖြင့် အစိုးရကိုလည်းကောင်း၊ ပါတီကို လည်းကောင်း ဝေဖန်ပြောဆိုနိုင်သော်လည်း မိမိတို့၏ အတွင်းရေးနှင့်ပတ်သက်၍ ပါတီ၏ ကျင့်သုံးနေသော မူဝါဒနှင့် မကိုက်ညီသည့်လုပ်ဆောင်ချက်များကို တားမြစ် သတိပေးထားကြောင်း၊ သတိပေး၍မရပါက စောင့်ကြည့်မှုများပြုလုပ်၍ ပါတီစည်းကမ်းအရ အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အစိတ်အပိုင်းကို တဖြည်းဖြည်း ကြိုးစားသွားမည်ဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လူငယ်ညီလာခံကို ယခင်က လူငယ်တာဝန်ခံ များနှင့်အတူ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ လူငယ်ခေါင်းဆောင်ဟောင်းများ၊ လက်ရှိဗဟိုလူငယ် လုပ်ငန်းအဖွဲ့မှ လူငယ်များအပါအဝင် ၉ဝ ခန့်တို့ဖြင့် နေပြည်တော်၌ ဇူလိုင် ၁ ရက်တွင် တစ်ရက်တာ အလုပ် ရုံဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်း လင်းဖြေကြားခဲ့သည်။
ဇော်ကြီး(ပဏီတ)

No comments:

Post a Comment