Wednesday, June 28, 2017

မိတ်ဆွေကောင်းဆိုတာ

Image may contain: 2 people, people smiling, outdoor
မန်ယူကွင်းလယ်ပေါ့ဘာကတော့ သူနဲ့ အရင်းနှီးဆုံး မိတ်ဆွေလို့ လူသိများတဲ့ ဂရစ်ဇ်မန်းကို လက်ရွေး စင်အသင်းဖော်အဖြစ်သာမက ကလပ်အသင်း ကစား ဖော်ဖြစ်လာဖို့ တောက်လျှောက်တိုက်တွန်း ခဲ့သူပါ။ ဂရစ်ဇ်မန်းကိုယ်တိုင် ကလည်း ပေါ့ဘာနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြောင့် အခြား ကလပ်အသင်းတွေ မြောက်မြားစွာ ကမ်းလှမ်းနေတဲ့ ကြားကပဲ မန်ယူကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့နှစ် ပေါ့ဘာ မန်ယူကို ပြောင်းရွှေ့သွားပြီး နောက် ခြေစွမ်းပိုင်း ပျောက်ဆုံးသွားချိန်မှာ ဂရစ်ဇ် မန်းက ပေါ့ဘာအနေနဲ့ မီဒီယာတွေရဲ့ ငဲ့ညှာမှု လိုအပ် နေပြီး အလွန်အမင်းဝေဖန်ခြင်းက အကောင်း ထက် အဆိုးဘက်ကိုသာ ဦးတည်စေတယ်လို့ ကာကွယ်ပြောကြားပေးခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ တစ်ဦးကစားတဲ့ပွဲကို တစ်ဦးက အချိန်ပေးစောင့် ကြည့်တာမျိုး၊ အားလပ်ချိန်မှာ ဖုန်း၊ စာတိုရေးသား တာတွေနဲ့ဖြစ်ဖြစ် အမြဲချိတ်ဆက်မှုတွေ ပြုနေ တတ်သူဖြစ်ပါတယ်။ အသက်အရွယ်အရ လည်း မတိမ်းမယိမ်းဖြစ်သလို တစ်ဦးကိုတစ်ဦး အပြန်အလှန်ဖေးမမှုတွေကြောင့် ဂရစ်ဇ်မန်းက ပေါ့ဘာရှိနေတဲ့ မန်ယူကို အခြားအသင်းတွေထက် အလေးသာခဲ့တယ်ဆိုတာ အထင်အရှားပါ။
ဒါပေမယ့် အက်သလက်တီကိုအသင်းရဲ့ အပြောင်းအရွှေ့ ပိတ်ပင်ခံရမှုကြောင့် အကြပ် အတည်းကြုံနေတဲ့ ကလပ်အသင်းအပေါ်ဂရစ်ဇ်မန်း က သစ္စာစောင့်ထိန်းဖို့ ကြိုးပမ်းရင်း ပေါ့ဘာနဲ့ ကလပ်အသင်းကစားဖော်အဖြစ်ပါ တွဲဖက်ဖို့ အခွင့် အရေး ဒီတစ်နှစ်တော့ ဆုံးရှုံးသွားပါတယ်။ ဒါကြောင့် မီဒီယာတွေက ပြင်သစ်အသင်းအတွက် ပူးပေါင်းနေတဲ့ ကာလအတွင်း ဂရစ်ဇ်မန်း ယခုလို ဆုံးဖြတ်လိုက်တဲ့အပေါ် ပေါ့ဘာက ပြင်ဆင်ဖို့ တိုက်တွန်းခဲ့ပေမယ့် ဂရစ်ဇ်မန်းက မသိကျိုးကျွန်ပြု
ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါသေး
တယ်။
ပေါ့ဘာက ''ကျွန်တော်က သူပျော်ရွှင်မှုရဖို့ အမြဲဆန္ဒရှိပါတယ်။ ဒါကြောင့် သူ အက်သလက်မှာ ပဲဖြစ်ဖြစ် မန်စီးတီးမှာပဲဖြစ်ဖြစ် ကျွန်တော်ဒါကို လက်ခံပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံးကစား သမားတစ်ဦးဖြစ်ပါတယ်'' လို့ ဆိုခဲ့ပါတယ်။
ပေါ့ဘာကတော့ ဂရစ်ဇ်မန်းသာ ပျော်ရွှင်မှု ရမယ်ဆိုရင် မန်ယူရဲ့ ခါးသီးတဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးကို ရောက်ရင်တောင် သူလက်သင့်ခံနိုင် တယ်လို့ ဆိုခဲ့တာကြောင့် ဒါကပဲ မိတ်ဆွေ ကောင်းတွေရဲ့ စိတ်သဘောထားလို့ ဆိုရတော့မှာ ဖြစ်ပါတယ်။
မေလဲ့သင်း

No comments:

Post a Comment