Thursday, June 29, 2017

မြင်းခြံမြို့တွင် မော်တော်ဆိုင်ကယ် ၃၃ စီး ခိုးယူမှု ဖော်ထုတ်ဖမ်းဆီးရမိ

Image may contain: one or more people, motorcycle and outdoor
မြင်းခြံ ဇွန် ၂၈
မြင်းခြံမြို့မရဲစခန်းက ခေတ္တစခန်းမှူး ရဲအုပ်မျိုးထွန်းအောင်နှင့်တပ်ဖွဲ့ဝင် များသည် မြင်းခြံမြို့တွင် မှုခင်း ကျဆင်းရေးအတွက် ဆောင်ရွက် လျက်ရှိရာမှ မော်တော်ဆိုင်ကယ် ခိုးယူသူများအား ဇွန် ၂၈ ရက်တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
မြင်းခြံမြို့တွင် မော်တော်ဆိုင် ကယ်ပျောက်ဆုံးမှုများကြောင့် မြို့မ ရဲစခန်းသို့ လာရောက်တိုင်တန်းမှုများ ရှိရာ ခေတ္တစခန်းမှူး ရဲအုပ်မျိုးထွန်း အောင်သည် နယ်ထိန်းတပ်ဖွဲ့ဝင်များ နှင့်အတူ ဖော်ထုတ်စစ်ဆေးရာမှ ဇွန် ၁၆ ရက်တွင် အမှတ် (၁) ရပ်ကွက်နေ မောင်စန်းဗိုလ်အား ဆိုင်ကယ် ခုနစ်စီး ခိုးယူထားမှုဖြင့် (ပ) ၉၈/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈ဝ ဖြင့် အမှုဖွင့်အရေးယူထားသည်။ ဇွန် ၂ဝ ရက်တွင် အခြားမော်တော် ဆိုင်ကယ် ခိုးယူထားသူများဖြစ်သည့် အမှတ် (၁) တိုးချဲ့ရပ်ကွက်နေ မောင်ယဉ်မင်းထွန်း (ခ)Y2K ၊ အမှတ် (၃) ရပ်ကွက်နေ မောင်လှ မင်းထက်(ခ)ဝတုတ် (ခ) တရုတ်ကြီးတို့အား မော်တော် ဆိုင်ကယ် ၁၃ စီး ခိုးယူထားမှုဖြင့် (ပ) ၂၃၂/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈ဝ/၅၄ ဖြင့် အမှုဖွင့်အရေးယူ ထားသည်။ ဇွန် ၂၆ ရက်တွင် အခြားမော်တော်ဆိုင်ကယ် ခိုးယူ ထားသူများဖြစ်သည့် အမှတ် (၁) တိုးချဲ့ရပ်ကွက်နေ စိုးထွန်း (ခ) ဘာလီ၊ ဆင်းဂွတ်ကျေးရွာနေ မျိုးလှိုင် (ခ) မျိုးကြီး တို့နှင့်အတူ ပူးပေါင်းပါဝင်သော အမှတ် (၂) ရပ်ကွက်နေ ဖြိုးဝေ(ခ)ချစ်မွေး တို့ ကို မော်တော်ဆိုင်ကယ် ၁၃ စီး ခိုးယူထားမှုဖြင့် (ပ) ၂၄၇/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈ဝ/၅၄ ဖြင့် အရေးယူထားကြောင်း သိရသည်။
အဆိုပါ မော်တော်ဆိုင်ကယ်များကို မြင်းခြံမြို့တွင် အများဆုံးခိုးယူခဲ့ ကြောင်း၊ မြင်းခြံမြို့နှင့် အနီးတစ်ဝိုက် ရှိမြို့များမှလည်း ခိုးယူခဲ့ကြောင်း၊ ထို့အပြင် မန္တလေးမြို့မှ မော်တော် ဆိုင်ကယ်များလည်း ခိုးယူသည့် အထဲတွင်ပါဝင်ကြောင်း သိရသည်။ ခိုးယူခံရသည့် မော်တော်ဆိုင်ကယ် ပိုင်ရှင်များအနေဖြင့် ပိုင်ဆိုင်ကြောင်း အထောက်အထားများ ယူဆောင်၍ မြို့မရဲစခန်းတွင် မိမိတို့ဆိုင်ကယ် ဟုတ်၊ မဟုတ် လာရောက်စစ်ဆေး ကြည့်ရှု နိုင်ကြောင်း သိရသည်။
ဇော်မင်းနိုင် (မြင်းခြံ)

No comments:

Post a Comment