နေပြည်တော် ဇွန် ၂၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဗြိတိန်နိုင်ငံအခြေစိုက် Department for International Development - DFID အဖွဲ့မှ Deputy Team Leader (ITAD), Mr. Alexander Robert Renuick Mcaslan နှင့်အဖွဲ့မှ ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံသည်။
အဆိုပါ DFID အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း သုံးခုဖြစ်သည့် The Halo Trust၊၊ Mine Advisory Group နှင့် Norwegian Peoples’ Aid အဖွဲ့တို့က ဆောင်ရွက်နေသော မြေမြှုပ်မိုင်းအန္တရာယ် ဆိုင်ရာလုပ်ငန်းများအတွက် ရန်ပုံငွေထောက်ပံ့နေသော အဖွဲ့ဖြစ်ပြီး လက်ရှိပူးပေါင်းဆောင်ရွက်နေသော လုပ်ငန်း ကဏ္ဍများ၏ အားသာချက်၊ အားနည်းချက်များ၊ မိုင်း အန္တရာယ် အသိပညာပေးရေးလုပ်ငန်းအဖွဲ့၏ ရှေ့ဆက် ဆောင်ရွက်မည့် ဦးစားပေးအစီအစဉ်များ၊ မိုင်းအန္တရာယ် လျှော့ချရေးဆိုင်ရာလုပ်ငန်းအစီအစဉ် အကောင်အထည် ဖော်ရန် ရန်ပုံငွေရှာဖွေရေး ကိစ္စရပ်များ၊ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းနှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Monitoring Committee)တို့အကြား လုပ်ငန်း ချိတ်ဆက်ဆောင်ရွက်ရန်အနေအထား၊ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ချိတ်ဆက် ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ မိုင်းကြောင့် ထိခိုက်သူများအတွက် လူသားချင်းစာနာမှု အကူအညီ ပေးရေး ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment