Tuesday, June 27, 2017

သမ္မတသစ် ရွေးချယ်တင်မြှောက်နိုင်ရန် မွန်ဂိုလီးယားပြည်သူတို့ မဲပေးကြပြီ

Image may contain: 1 person, indoor
အူလန်ဘာတော ဇွန် ၂၆
မွန်ဂိုလီးယားနိုင်ငံ၌ သမ္မတသစ်ရွေးချယ် တင်မြှောက်နိုင်ရန် ဇွန် ၂၆ ရက်တွင် ပြည်သူ များ မဲပေးလျက်ရှိကြသည်။ လူဦးရေသုံးသန်းနေထိုင်ပြီး ကုန်းတွင်း ပိတ်နိုင်ငံဖြစ်သည့် မွန်ဂိုလီးယားနိုင်ငံ၌ လက်ရှိသမ္မတ တာခီယာဂျီယန် အယ်ဘေဒေါ အား အစားထိုး ဆက်ခံမည့် ပုဂ္ဂိုလ်တစ်ဦးကို ရွေးချယ်နိုင်ရန် သမ္မတလောင်းသုံးဦး ပါဝင် ယှဉ်ပြိုင်လျက်ရှိကြသည်။
အဆိုပါသမ္မတလောင်း သုံးဦးအနက် မီယီဂွန်ဆင်အန်ခိုဘိုးမှာ မွန်ဂိုလီးယား ပြည်သူ့ပါတီမှ ဖြစ်ပြီး ၂ဝဝ၆ ခုနှစ်မှ ၂ဝဝ၇ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ကာ ယခုအခါ ပါလီမန်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။ သမ္မတလောင်းစိန်ကူဂျင်ဂန်ဘာတာမှာမူ မွန်ဂိုလီးယား ပြည်သူ့တော်လှန်ရေးပါတီမှ ဖြစ်ပြီး အမတ် ဟောင်း တစ်ဦးဖြစ်သည်။
သမ္မတလောင်းခါမားဘာတူဂါမှာမူ ဒီမို ကရက်ပါတီမှဖြစ်ပြီး အမတ်ဟောင်းတစ်ဦး ဖြစ်သည်။
ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၁၉၇၈၂၉၈ ဦးရှိပြီး ထိပ်တန်းပါတီကြီးသုံးခုမှ သမ္မတလောင်းများကို ရွေးချယ်ခွင့် ရရှိမည် ဖြစ်သည်။ လက်ရှိသမ္မတမှာ လေးနှစ် သက်တမ်းရှိ သမ္မတရာထူးတွင် ဒုတိယအကြိမ် တာဝန်ထမ်းဆောင်နေပြီး ¤င်း၏ သမ္မတ ရာထူးသက်တမ်းမှာ လာမည့်လတွင် ကုန်ဆုံး မည်ဖြစ်သည်။
အာဏာရမွန်ဂိုလီးယားပြည်သူ့ပါတီမှ သမ္မတလောင်းမှာ ပြည်သူများအတွင်း ရေပန်း စားနေသည်ဟု ရှုမြင်ရကြောင်း နိုင်ငံရေး လေ့လာသူများက ပြောကြားကြသည်။
ဆင်ဟွာ။

No comments:

Post a Comment