Thursday, June 1, 2017

မုန်တိုင်းဒဏ်ကြောင့် အရေးပေါ်ကိစ္စကြုံလာလျှင် ကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်

Image may contain: 1 person, outdoor
မကွေး မေ ၃၁
လတ်တလောဖြစ်ပေါ်နေသော မုန်တိုင်းအခြေအနေကြောင့် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် တောင်ကျရေစီးဆင်းမှုများ သတိထားရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားပြီး မုန်တိုင်းနှင့်ဆက်စပ်၍ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် အရေးပေါ်အခြေအနေကျလာ လျှင် ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်း
ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း မကွေးမြို့နယ်မီးသတ်စခန်းမှ သိရသည်။
''မုန်တိုင်းအခြေအနေကို စောင့်ကြည့်နေတာပါ။ မုန်တိုင်းက ဘယ်ရောက်သွား ပြီလဲ။ ဘယ်အဆင့်ရှိပြီလဲ ဆိုတာတွေကို ၂၄ နာရီစောင့်ကြည့်နေတာပါ။ အခုချိန်က အရေးပေါ်ကာလဖြစ်တဲ့အတွက် တပ်ဖွဲ့ဝင်တွေကို အမြဲအဆင်သင့်ဖြစ်အောင် စုဖွဲ့ထားပါတယ်'' ဟု မကွေးမြို့နယ် မီးသတ် စခန်းမှူး ဦးစိုးညွန့်က ပြောသည်။
တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၏ ညွှန်ကြားချက်ဖြင့် ရှေးဦးပြုစုခြင်းဆိုင်ရာ ကိရိယာများကို ပြန်လည်စစ်ဆေး၍ ဖြည့်စွက်သင့်သည်များကိုလည်း ထပ်မံဖြည့်စွက်ကာ အရန်သင့်ပြုလုပ်ထားကြောင်း၊ ရေဘေး လေဘေးဖြစ်လျှင် အသုံးပြုရသော ပစ္စည်းများကိုလည်း အဆင်ပြေချောမွေ့စွာ သုံးနိုင်ရန် စစ်ဆေးထားကြောင်း ၎င်းကဆိုသည်။
မုန်တိုင်းကျရောက်လျှင် ရေကြီးရေလျှံမှုများဖြစ်ပေါ်တတ်သဖြင့် လူ ၂၅ ယောက်ခန့် စီးနိုင်သည့် ဖိုက်ဘာလှေ၊ ရော်ဘာလှေများ အရန်သင့်ပြင်ဆင်ခြင်း၊ အင်ဂျင်များစစ်ဆေးခြင်း၊ အသက်ကယ်အင်္ကျီများ၊ ဘောကွင်းများ၊ ကြိုးပစ်သေနတ်များ၊ ကြိုခွေများ အရန်သင့်ပြင်ဆင်ခြင်းလုပ်ငန်းများကို မေ ၂၉ ရက် နံနက်ပိုင်းက မကွေး မြို့နယ်မီးသတ်ဌာနမှ တပ်ဖွဲ့ဝင် ၃၅ ဦး
ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေယျတု(မကွေး)

No comments:

Post a Comment