Thursday, June 1, 2017

တရားဝင် သစ်တောထွက်ပစ္စည်းများ ဥပဒေနှင့်အညီ ကူးသန်းရောင်းဝယ်ရေး သစ်တော စီမံအုပ်ချုပ်လုပ်ကိုင်မှု တိုးမြှင့်ဆောင်ရွက်ခြင်း အလုပ်ရုံဆွေးနွေး

No automatic alt text available.
မြစ်ကြီးနား မေ ၃၁
မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့ ပူးပေါင်း၍ တရားဝင် သစ်တောထွက်ပစ္စည်း များ ဥပဒေနှင့်အညီ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကောင်းမွန်သောသစ်တော စီမံအုပ်ချုပ်လုပ်ကိုင်မှု တိုးမြှင့်ဆောင်ရွက်ခြင်း (FLEGT-VPA) အလုပ်ရုံဆွေးနွေးပွဲကို မေ ၃၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနား
မြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်
အောင်က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြား၍ သစ်တောဦးစီးဌာန (နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဦးကျော်ဇောက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းချုပ်မှ အကြံပေး ဦးမျိုးမင်းက တရားဝင် သစ်တောထွက်ပစ္စည်းများ ဥပဒေနှင့်အညီ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း၊ မြန်မာနိုင်ငံ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ (ရန်ကုန်)မှ ဒုတိယရဲမှူးကြီး ဝင်းထွန်းက မြန်မာနိုင်ငံအတွင်း တရားဝင် သစ်တောထွက်ပစ္စည်းများ ဥပဒေနှင့်အညီ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကောင်းမွန်သော သစ်တော စီမံအုပ်ချုပ်လုပ်ကိုင်မှု တိုးမြှင့်ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက် နေမှု အခြေအနေများအားလည်းကောင်း၊ မြန်မာ့သစ်လုပ်ငန်း (ရန်ကုန်)မှ မန်နေဂျာ ဒေါက်တာတင်တင်မြင့်က တရားဝင် သစ်
ဖြစ်ကြောင်း အာမခံသည့်စနစ်နှင့် ပတ်သက်၍ လုပ်ငန်းများဆိုင်ရာတို့အားလည်းကောင်း၊ သစ်တောဦးစီးဌာန (နေပြည် တော်) ညွှန်ကြားရေးမှူး ဦးကျော်ဇောက အစိုးရအသစ်လက်ထက် သစ်တောကဏ္ဍပြုပြင်ပြောင်းလဲခြင်းဆိုင်ရာတို့အား ပရိုဂျက်တာဖြင့် အကျယ်တဝင့် ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် ကချင်ပြည်နယ်အတွင်း တရားဝင် သစ်တောထွက်ပစ္စည်းများ ဥပဒေနှင့်အညီ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကောင်းမွန်သောသစ်တောစီမံ အုပ်ချုပ်လုပ်ကိုင်မှု တိုးမြှင့်ဆောင်ရွက်ရာတွင် ပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိသည့် လူမှုရေးအသင်းအဖွဲ့များ သစ်အခြေခံ ပရိဘောဂ လုပ်ငန်းရှင်များအသင်းနှင့် သစ်တောဦးစီးဌာန ရုံးချုပ်တို့မှ တာဝန်ရှိသူများက ပုဂ္ဂလိကဏ္ဍ ရှေ့ဆက်ဆောင် ရွက်မည့် လုပ်ငန်းစဉ်များ၊ အရက်ဘက် လူမှု အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များကို အသီးသီး ရှင်းလင်းတင်ပြဆွေးနွေးကာ တင်ပြဆွေးနွေးမှုများအပေါ် ပြန်လည်သုံး သပ်ဆွေးနွေးကြသည်။
အခမ်းအနားသို့ ပြည်နယ် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဥပဒေချုပ် ဦးဒီဆင်ရမ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဥရောပသမဂ္ဂ (EU) မှ တာဝန်ရှိသူများ အရပ်ဘက်အဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ သတင်းမီဒီယာ များမှ သတင်းထောက်များ စုစုပေါင်းအင်အား ၁၄ဝ ခန့်တက်ရောက်ကြောင်းသိရသည်။
သူရိန်စိုး(ကချင်မြေ)

No comments:

Post a Comment