ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ကတော့ သူနဲ့ ဇာတ်လမ်းတွေ ဖြစ်နေတယ်လို့ အသံတွေထွက်နေတဲ့ ချစ်သူသစ်လေး ဂျိုးအော်ဝင်န်နဲ့ နှစ်ဦးကြားဆက်ဆံရေးပိုမိုခိုင်မာလာခဲ့ ပြီဆိုတာကို လှစ်ဟပြလိုက်ပါတယ်။ တေလာက ပြီးခဲ့တဲ့ အဖေများနေ့မှာတော့ ချစ်သူရဲ့ မိသားစုတွေနဲ့တွေ့ဆုံခဲ့ကာ အချိန်တွေကို ကုန်ဆုံးခဲ့ပြီး ဂျိုးအော်ဝင်န်ရဲ့ မိသားစုတွေ အပေါ်ထားရှိတဲ့ သူ့ရဲ့ချစ်ခင်မှုတွေကို ဖော်ပြခဲ့တာဖြစ် ကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ တေလာဆွစ်ဟာ လန်ဒန်မြောက်ပိုင်းမှာရှိတဲ့ သူငှားရမ်းထားတဲ့နေအိမ်မှာ ဂျိုးအော်ဝင်န်ရဲ့ မိသားစုတွေနဲ့အတူရှိနေခဲ့ပြီး ဂျိုးအော် ဝင်န်ရဲ့ မိဘတွေက တေလာက အစားအစာတွေချက်ပြုတ် ကျွေးမွေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီလိုအပြုအမူတွေကို ကြည့်ခြင်းအားဖြင့် တေလာ နဲ့ ချစ်သူသစ်လေး ဂျိုးအော်ဝင်န်တို့အကြားက ဆက်ဆံ ရေးဟာ ပိုမိုခိုင်မာလာခဲ့ပြီဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီလိုချစ်သူရဲ့ မိသားစုတွေနဲ့အတူ အဖေများနေ့ကို အတူ ဖြတ်သန်းဖို့အတွက် တေလာက လန်ဒန်ကို ပြီးခဲ့တဲ့ သီတင်းပတ်အကုန်မှာ လာရောက်ခဲ့တာလည်း ဖြစ်ပါ တယ်။
ဗြိတိန်သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်တဲ့ ဂျိုးအော် ဝင်န်ရဲ့ မိဘတွေက တေလာဆွစ်ကို ဗြိတိန်လူမျိုးတွေရဲ့ အပြုအမူတွေကို ပြသလိုတဲ့အတွက် ယခုလိုချက်ပြုတ် ပြင်ဆင်ပေးခဲ့တာဖြစ်ပြီး တေလာဆွစ်အနေနဲ့ ဗြိတိန် နိုင်ငံသားတွေရဲ့ ယဉ်ကျေးမှုတွေမှာ ပျော်ဝင်နေကာ သာမန်လူတစ်ဦးကဲ့သို့ နေထိုင်နိုင်ဖို့အတွက် တတ်နိုင် သမျှအကောင်းဆုံးကြိုးပမ်းနေတယ်လို့လည်း တေလာ နဲ့ ရင်းနှီးတဲ့အသိုင်းအဝိုင်းမှ ပြောကြားချက်အရ သိရ ပါတယ်။
အသက် (၂၆)နှစ်အရွယ် မင်းသား ဂျိုးအော်ဝင်န်ဟာ မကြာသေးမီက တေလာဆွစ်နဲ့အတူ အမေရိကန်မှာ လိုက်ပါနေထိုင်ဖို့အတွက် နေရပ်မှ ထွက်ခွာလာခဲ့တာ လည်း ဖြစ်ပါတယ်။ ဒီလို အမေရိကန်ကို အတူလိုက် ပါလာခဲ့တဲ့ ဂျိုးအော်ဝင်န်ကို တေလာက သူ့ရဲ့မိသားစုတွေနဲ့ တွေ့ဆုံပေးခဲ့ပါတယ်။ ယခုလအစပိုင်းက တေလာဆွစ်ရဲ့ ကြီးပြင်းခဲ့တဲ့မြို့လေးဖြစ်တဲ့ နက်ရှ်ဗေးလ်မှာ အတူတွဲကာ တွေ့ခဲ့ရတဲ့ ကြယ်ပွင့်စုံတွဲဟာ ပျော်ရွှင့်ပေါ့ပါးနေခဲ့ပြီး ဂျိုး နဲ့ တေလာဆွစ်ရဲ့ မိသားစုဝင်တွေတွေ့ဆုံခဲ့ရာမှာလည်း တေလာဆွစ်ရဲ့ မိခင်ဖြစ်သူက ခန့်ညားပြီး ယောက်ျားပီသ တဲ့ ဂျိုးအော်ဝင်န်ကို သမီးဖြစ်သူနဲ့ လက်တွဲဖို့ရာသဘောတူ ခဲ့ပြီးဖြစ်ကြောင်းလည်း သိရပါတယ်။
အေးပြည့်
No comments:
Post a Comment