ဟောလိဝုဒ်ရဲ့ နာမည်ကျော်ကြယ်ပွင့်စုံတွဲတစ်တွဲဖြစ်တဲ့ ''One Direction''အဖွဲ့ဝင်ဟောင်း ဇေမာလိခ်နဲ့ ထိပ်တန်း မော်ဒယ်လ်တစ်ဦးဖြစ်သူ ဂျီဂျီဟစ်ဒီတို့ဟာ လတ်တလောမှာ လမ်းခွဲတော့မယ်ဆိုပြီး သို့လောသို့လော ပေါ်ထွက် လာခဲ့တာဖြစ်ပါတယ်။ ဒီလိုလမ်းခွဲတော့မယ့်အကြောင်း စတင်ပေါ် ထွက်လာခဲ့တာကတော့ ဂျီဂျီရဲ့ဘက်က စတင်ခဲ့တာဖြစ်တယ် လို့လည်း သိရပါတယ်။
အောင်မြင်တဲ့ မော်ဒယ်လ်တစ်ဦးဖြစ်ပြီး ဗစ်တိုးရီးယား စီးကရက်ထ် မော်ဒယ်လ်တစ်ဦးအဖြစ်လည်း လူသိများတဲ့ ဂျီဂျီဟစ်ဒီက လတ်တလောမှာ တစ်ကိုယ်တော် တေးသံ ရှင်တစ်ဦးအဖြစ် အောင်မြင်နေတဲ့ ဇေမာလိခ်ရဲ့ အခြားသူအပေါ်မှီခိုလွန်းတဲ့စရိုက်ကို မကြိုက်နှစ်သက် တာကြောင့် လမ်းခွဲချင်တဲ့ဆန္ဒတွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
လတ်တလောမှာ အသက် (၂၂)နှစ်ရှိပြီဖြစ်တဲ့ ဂျီဂျီဟစ်ဒီနဲ့ ဇေမာလိခ် တို့ရဲ့ ချစ်သူသက်တမ်းဟာ လက်ရှိမှာ နှစ်နှစ်နီးပါးရှိလာခဲ့ပြီဖြစ်ကာ ချစ်သူ သက်တမ်းတစ်လျှောက် ဇေရဲ့ အပြုအမူကို သည်းခံ ပေးခဲ့ရပြီး နောက်ဆုံးသည်းခံနိုင်တဲ့အတိုင်းအတာ ကို ကျော်လွန်ခဲ့ပါက နှစ်ဦးသားဇာတ်လမ်းကို အဆုံးသတ်လိုက်ဖို့ ဂျီဂျီဘက်က ဆန္ဒတွေရှိနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဇေမာလိခ်ရဲ့ အခြားသူအပေါ် မှီခိုတတ်တဲ့ အကျင့်ဟာ သူ့ရဲ့ စိုးရိမ်စိတ်များလွန်းတာကြောင့် ဖြစ်ပြီး ဒီလို စိုးရိမ်စိတ်တွေ ဝင်ရောက်လာခဲ့တာဟာ သူ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပျောက်ဆုံး နေရာက စတင်ခဲ့တာဖြစ်တယ်လို့လည်း ဇေမာလိခ်က မကြာသေးမီက အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောကြား ခဲ့ပါ တယ်။ ဒါ့အပြင် ဇေမာလိခ်က သူ့ကိုယ်တိုင်ကလည်း ပိုမိုရင့်ကျက်လာအောင် ကြိုးစားနေထိုင်ရင်း စိုးရိမ် စိတ်တွေလျော့နည်းစေဖို့ ကြိုးစားနေတယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အဆိုပါကြယ်ပွင့်စုံတွဲဟာ မိသားစုဘဝတစ်ခုကို စတင်ဖို့ရာ စိတ်ကူးနေကြ ပြီး အင်္ဂလန်မှာ အခြေချဖို့ရာ ပြင်ဆင်နေတယ်လို့ သတင်းတွေလည်း ထွက်နေကာ ကာယကံရှင် တွေဘက်ကတစ်စုံတစ်ရာငြင်းချက်ထုတ်တာမျိုး လတ်တလောအချိန်အထိ မရှိသေးကြောင်း လည်း သိရပါတယ်။
အေးပြည့်
No comments:
Post a Comment