Thursday, June 29, 2017

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်နှစ်ပတ်လည်စည်းဝေး

Image may contain: 1 person, sitting, table and indoor
ရန်ကုန် ဇွန် ၂၈
ရန်ကုန်မြို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ် (YMBA)နှစ်ပတ်လည် အစည်းအဝေးကို ဇွန် ၂၅ ရက် နံနက် ၉ နာရီကအသင်းချုပ် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်အသင်းဥက္ကဋ္ဌ ဦးတင်ဝင်းက အဖွင့်အမှာစကားပြော ကြားသည်။ ဆက်လက်၍ အမှုဆောင်အဖွဲ့ဝင် ဦးဝင်းညွန့်က၂ဝ၁၆- ၂ဝ၁၇ အမှုဆောင်အဖွဲ့အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းကိုဖတ်ကြားသည်။
ထို့နောက်အသင်းသို့ ဦးစိုးဝင်း (တက္ကသိုလ်စိုးရင်) မိသားစုက ငွေကျပ် တစ်သိန်း၊ ရွှေပုစွန်မိသားစုမှ ဒေါက်တာတင်စိုးလင်းကိုယ်စား ဒေါက်တာ သက်ဆွေက ငွေကျပ်တစ်သိန်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုကော်မတီ ဝင် ဆရာမောင်ကျေးဇူးက ငွေကျပ် ငါးသောင်းတို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်ဆွေ(ရွှေတံတား)

No comments:

Post a Comment