Wednesday, June 28, 2017

ဓာတုလက်နက်ဖြင့် တိုက်ခိုက်ရန်ကြံစည်နေသည်ဟုဆိုကာ ဆီးရီးယားသမ္မတအား အမေရိကန်သတိပေး

Image may contain: 1 person, suit and indoor

အလက်ပို ဇွန် ၂၇

ဆီးရီးယားသမ္မတဘတ်ရှာအယ်လ်အာဆတ်နှင့် ၄င်း၏တပ်မတော်သည် ဓာတုအဆိပ်လက်နက်အသုံးပြုသည့် တိုက်ခိုက်မှုများ ပြုလုပ်ရန်ကြံစည်လျက်ရှိပြီး အကယ်၍ ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးပြုလုပ်လာပါက တန်ဖိုးကြီး ကြီးပေးဆပ်ရလိမ့်မည်ဖြစ်ကြောင်း တနင်္လာနေ့တွင် အိမ်ဖြူ တော်က သတိပေးပြောကြားလိုက်ကြောင်း သိရသည်။
ထို့အပြင်အိမ်ဖြူတော်က အမေရိကန်အနေဖြင့် သမ္မတ အာဆတ်က ဓာတုလက်နက်သုံး၍ တိုက်ခိုက်ရန်ကြံစည်နေ သည်ဟု ပြောဆိုနိုင်သည့်အကြောင်းပြချက်မျိုးလည်းရှိနေကြောင်း ပြောကြားခဲ့သည်။
တနင်္လာနေ့နှောင်းပိုင်းတွင် အိမ်ဖြူတော်မှဖော်ပြခဲ့ သည့် သတင်းထုတ်ပြန်ချက်တွင် အဆိပ်လက်နက်ဖြင့် တိုက်ခိုက်ရန်ဆီးရီးယားနိုင်ငံက ကြံစည်နေမှုသည် ပြီးခဲ့ သည့် ဧပြီ ၄ရက်က အပြစ်မဲ့ပြည်သူများစွာတို့ကို အသက် ဆုံးရှုံးစေခဲ့သည့် ဓာတုလက်နက်သုံး တိုက်ခိုက်မှုနှင့်အလား တူပင်ဖြစ်ကြောင်းဖော်ပြခဲ့သည်။ ထိုစဉ်က ဓာတုလက်နက် တိုက်ခိုက်မှုအပေါ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က များစွာဒေါသထွက်ခဲ့ပြီး ဆီးရီးယားလေတပ်အခြေစိုက်စခန်း များကို ဒုံးကျည်များဖြင့်ပစ်ခတ်ရန် အမိန့်ပေးအပ်ခဲ့သည်။
ယခုတစ်ဖန်ဆီးရီးယားအစိုးရသည် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများစွာသေကျေပျက် စီးစေမည့် နောက်ထပ်ဓာတုလက်နက်အသုံးပြု၍တိုက်ခိုက်ရန်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု သိရှိဖော်ထုတ် နိုင်ခဲ့ပြီဖြစ်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဆီရန်စပိုက်ဆာကပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံအနေဖြင့် ဓာတုလက်နက်သုံး၍တိုက်ခိုက်ရန်ပြင်ဆင်နေကြောင်းသိရှိထားမှုနှင့်ပတ်သက် ၍ အမေရိကန်အနေဖြင့်မည်ကဲ့သို့စီစဉ်သွားမည်ကို မှတ်ချက်ချပြောဆိုရန်မေးခွန်းထုတ်မှုများကို အိမ်ဖြူတော်က ဖြေကြားခဲ့ခြင်းမရှိကြောင်းသိရသည်။ (ရိုက်တာ)

No comments:

Post a Comment