Wednesday, June 28, 2017

လူဝင်မှုကန့်သတ်ချက်ဥပဒေကို အမေရိကန်အမြင့်ဆုံးတရားရုံးက ပြန်လည်ခွင့်ပြု

Image may contain: 1 person, suit

ဝါရှင်တန် ဇွန် ၂၇ 

အမေရိကန်နိုင်ငံ အမြင့်ဆုံးတရားရုံးက ဒေါ်နယ်ထရန့်၏ လူဝင်မှုကန့်သတ်ချက်ဥပဒေ ရပ်ဆိုင်းခံထားရမှုကို ယမန်နေ့က ပြန်လည်ခွင့်ပြုပေးခဲ့ပြီး အဆိုပါ လူဝင်မှုကန့်သတ်ချက်ပြုလာမည့် အောက်တိုဘာလတွင် အဆိုပါ လူဝင်မှုကန့်သတ်ချက်ဥပဒေကို တရားဝင်မှု ရှိ၊ မရှိ အတည်ပြုစစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ဥပဒေအကြံပြုစာအရ လူဝင်မှုကန့်သတ်ချက်တွင် အမေရိကန်နိုင်ငံအတွင်း လူ သို့မဟုတ် ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်မှုနှင့် တိုက်ရိုက်ပတ်သက်မှုရှိသည့် နိုင်ငံခြားသားများကို အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခြင်းအား ကန့်သတ်ရန်ပါဝင်သည်။ အမေရိကန် နိုင်ငံသို့ မရောက်ရှိဖူးသူ သို့မဟုတ် ဆွေမျိုးများမရှိခြင်းနှင့် လုပ်ငန်းဆိုင်ရာ ပတ်သက်ဆက်နွှယ်မှုမရှိသော နိုင်ငံခြားသားများကို ယာယီကန့်သတ်ထားနိုင်ကြောင်းပါရှိသည်။
ထို့အပြင် ဥပဒေအကြံပြုစာတွင်ေ ဒ်ါနယ်ထရန့်အစိုးရ၏ လူဝင်မှုကန့်သတ်ချက်ဥပဒေကို စစ်ဆေးရန်သဘောတူကြောင်းနှင့် ဖက်ဒရယ်တရားရုံးမှ ချမှတ်ခဲ့သည့် လူဝင်မှုကန့်သတ်ချက်ဥပဒေသစ်တချို့ ရပ်ဆိုင်းသည့်အမိန့်ကို ပယ်ဖျက်ကြောင်း ပါရှိသည်။ အဆိုပါ ဥပဒေအကြံပြုစာသည် အမေရိကန်၏အမြင့်ဆုံးတရားရုံး၏ထိရောက်သော သဘောထားအမြင်ကို ဖော်ပြ သော်လည်း တရားသူကြီးများလက်မှတ်ရေးထိုးထားခြင်းမရှိကြောင်းသိရသည်။
ဒေါ်နယ်ထရန့်သည် အီရန်၊ ဆူဒန်၊ ဆီးရီးယား၊ လစ်ဗျား၊ ဆိုမာလီယာ၊ ယီမင်နှင့် အီရတ်နိုင်ငံမှ ဒုက္ခသည်များကို အမေရိကန်သို့ ဝင်ရောက်ခွင့်မပြုဘဲ ယာယီကန့်သတ်ခဲ့သည်။ ထို့အတူ မတ်လက ထုတ်ပြန်ကြေညာခဲ့သော လူဝင်မှုကန့်သတ် ချက်ဥပဒေတွင် အီရတ်နိုင်ငံကို ဖယ်ရှားပြီး အချက်အလက်များကို ကြေညာခဲ့သည်။ ထိုသို့ အကြိမ်ကြိမ်အခါခါ ကြိုးစားသော်လည်း ဖက်ဒရယ်တရားရုံး၏ ငြင်းဆိုခြင်းကို ခံခဲ့ရသည်။ ယခုအခါ ထရန့်သည် အမေရိကန်နိုင်ငံ၏အမြင့်ဆုံးတရားရုံးသို့ ယခင် အမိန့်ချမှတ်မှုများကို ပယ်ဖျက်ပေးရန် အယူခံဝင်ခဲ့ပြီး လူဝင်မှုကန့်သတ်ချက်ဥပဒေကို အကောင်အထည်ဖော်ရန် ကြိုးစားလျက် ရှိသည်။ (ဆင်ဟွာ)

No comments:

Post a Comment