Wednesday, June 28, 2017

မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်မှ ဆောင်ရွက်နေမှုအခြေအနေများဆွေးနွေး


နေပြည်တော် ဇွန် ၂၇

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီးH.E.Mr. Christian-Ludwig Weber-Lortsch အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်မှ ဆောင်ရွက်နေမှု အခြေ အနေများ၊ မြန်မာ-ဂျာမနီ နှစ်နိုင်ငံစစ်ရေးနှင့် မသက်ဆိုင်သည့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတွင် ဂျာမနီနိုင်ငံမှ ကူညီဆောင် ရွက်နေမှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment