ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ မေ ၃ဝ ရက် မွန်းလွဲ ၂ နာရီကBago Regional Construction Control Authority (BRCCA)ပဲခူးတိုင်းဒေသကြီး တည်ဆောက်မှုကြီးကြပ်ရေး အာဏာပိုင်အဖွဲ့ ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပသည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်း များသည်လည်း အရေးကြီးကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် မည်သည့်တည်ဆောက်ရေး လုပ်ငန်းမျိုးကိုမဆို တည်ဆောက်ရေးသုံးပစ္စည်းများ၊ ဒီဇိုင်းများ၊ အရည်အသွေးများ စသည်တို့ကို တာဝန်ယူစစ်ဆေး ပေးနိုင်သည့် အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းရန် လိုအပ်လျက်ရှိနေကြောင်း၊ ၎င်းတည်ဆောက်ရေး လုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှု စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပဲခူးတိုင်းဒေသကြီး တည်ဆောက်ရေးကြီးကြပ်မှုကော်မတီအား အထောက်အပံ့ဖြစ်စေမည့် Bago Regional Construction Control Authority(BRCCA) ပဲခူးတိုင်းဒေသကြီး တည်ဆောက်မှုကြီးကြပ်ရေး အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းနိုင်ရေးနှင့် လက်ရှိလိုအပ်နေသည့် တည်ဆောက်ရေးလုပ်ငန်းများ၏ အရည်အသွေးများ၊ စံချိန်စံညွှန်းများကို တိတိကျကျ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးများနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ပြင်ပ အင်ဂျင်နီယာ ပညာရှင်များမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး Bago Regional Construction Control Authority(BRCCA)တွင် ပါဝင်သင့်သည့် အဖွဲ့ဝင်များ၏ အမည်စာရင်း (မူကြမ်း)အား ထုတ်ပြန်နိုင်ခဲ့သည်။
အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပြင်ပ
အင်ဂျင်နီယာ ပညာရှင်များ တက်ရောက်ကြ ကြောင်း သိရသည်။
အင်ဂျင်နီယာ ပညာရှင်များ တက်ရောက်ကြ ကြောင်း သိရသည်။
တင်စိုး(ပဲခူး)
No comments:
Post a Comment