Thursday, June 1, 2017

ပြည်ပပို့ကုန်နှင့် နိုင်ငံ၏ ဝင်ငွေတိုးတက်လာစေရန် ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာနဖွင့်

Image may contain: 5 people
ဘားအံ မေ ၃၁
ကရင်ပြည်နယ် ဘားအံမြို့၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာနဖွင့်ပွဲကို မေ ၃ဝ ရက် နံနက် ၈ နာရီက အမှတ် (၂) ရပ်ကွက် သစ္စာလမ်းရှိ အဆိုပါ ဌာနအဆောက်အအုံရှေ့၌် ကျင်းပသည်။
ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာနဖွင့်ပွဲတွင် ကရင်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က ယခင်က ကရင်ပြည်နယ်အတွင်း တရားဥပဒေ
စိုးမိုးမှုအားနည်းပြီး ကူးသန်းရောင်းဝယ်မှုများသည်လည်း သိသာထင်ရှားသည့် ကူးသန်းရောင်းဝယ်မှုများမရှိခဲ့ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်မှ စီမံ
ဆောင်ရွက်ပေးသည့် ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာန သည် ပြည်နယ်၏ ခြေလှမ်းတစ်ခုပင်ဖြစ်ကြောင်း၊ တရားနည်းလမ်းကျသည့် တရားဥပဒေစိုးမိုးရေး၏ မူဘောင်အတွင်းမှနေ၍ ဆောင်ရွက်ပေးသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ တရားနည်းလမ်းကျကျဖြင့် လုပ်ကိုင်နိုင်ရန် ဗဟိုအဆင့်မှ လာရောက်ဖွင့်လှစ်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ဇွဲကပင်ကုန်
သွယ်မှုဗဟိုဌာနဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာ ရေးဝန်ကြီး ဦးသန်းနိုင်၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကာ ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာနတွင် ခင်းကျင်းပြသထားသည့် ဒေသထွက်ကုန် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
နိုင်ငံ၏ထုတ်ကုန်များသည် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အခြေခံထားသည့်အတွက် ဒေသတွင်ရှိသည့် လုပ်ငန်းရှင်များသည် စီးပွားရေးနှင့်
ပတ်သက်သည့် သတင်းအချက်အလက်များရရှိရန်၊ ဒေသ၏ထွက်ကုန်များကို မြှင့်တင်ပေးနိုင်ရန်၊ ပြည်တွင်းကုန်သွယ်မှုတိုးတက်လာစေရန်၊ ပြည်ပပို့ကုန်တိုးတက်လာစေရန်နှင့် နိုင်ငံ၏ဝင်ငွေတိုးတက် ရရှိလာစေရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင်ရှိသည့် စီးပွားရေးလုပ်ငန်းများ အားကောင်းလာစေရေးသည် တိုင်းပြည်၏အခြေခံကျသည့် လုပ်ငန်းများဖြစ်ကြောင်း၊ ဒေသ၏စီးပွားရေး၊ ဒေသ၏အစိုးရကို ကူညီပံ့ပိုးနိုင်ရေး၊ ဒေသ၏ လုပ်ငန်းရှင်များအား ကူညီပံ့ပိုးနိုင်ရေးအတွက် ရည်ရွယ်၍ ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာနအား ဖွင့်လှစ်ရခြင်းဖြစ် ကြောင်းသိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment